
ဒူဘိုင်း ဩဂုတ် ၃၀
လက်ရှိ နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ် အက်စ်)တွင် အရှည်ကြာဆုံး အာရပ်အာကာသ လေ့လာရေးခရီးစဉ်တွင် ပါဝင်ဆောင်ရွက်နေသော အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အာကာသယာဉ်မှူး ဆူလ်တန်အယ်နီယာဒီသည် ခြောက်လကြာ မစ်ရှင်တာဝန်ထမ်းဆောင်ပြီးနောက် လာမည့် စက်တင်ဘာ ၃ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
၎င်းသည် စက်တင်ဘာ ၂ ရက်တွင် အိုင်အက်စ် အက်စ်မှ ခွဲထွက်ကာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းလွန်သို့ စက်တင်ဘာ ၃ ရက်တွင် စပေ့အိတ်စ်ဒရက်ဂွန် အာကာသယာဉ်ဖြင့် ဆင်းသက် ရန် စီစဉ်ထားကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းရှိ မိုဟာမက်ဘင်ရာရှစ် အာကာသစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းအနေဖြင့် အိုင်အက်စ်အက်စ်တွင် ရှိနေစဉ် အတွင်း အပင်မျိုးရိုးဗီဇများအပါအဝင် သိပ္ပံနည်းကျ စမ်းသပ်မှုပေါင်း ၂၀၀ ကျော်တွင် ပါဝင်လုပ်ဆောင် ခဲ့သည်။ အယ်နီယာဒီသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် နာဆာအာကာသယာဉ်မှူး ဘိုဝင်နှင့်အတူ အာကာသ လမ်းလျှောက်ခြင်းကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်သည့် ပထမဆုံးအာရပ်နိုင်ငံသားဖြစ်လာမှု အပါ အဝင် ယခုမစ်ရှင်အတွင်း ယူအေအီးအာကာသ ယာဉ်မှူးတစ်ဦးအတွက် ပထမဆုံးအကြိမ် အောင်မြင် စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဆင်ဟွာ