
ဂျကာတာ နိုဝင်ဘာ ၁၀
အင်ဒိုနီးရှားနိုင်ငံသည် ယူ - ၁၇ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပထမဦးဆုံး လက်ခံကျင်းပပြီး နိုဝင်ဘာ ၁၀ ရက်တွင် ဘောလုံးပြိုင်ပွဲစတင်ပြီ ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ဘောလုံးကွင်းအတွင်း ကြောက်မက်ဖွယ် လူအုပ်ပိမှု ဖြစ်ပွားခဲ့ပြီး နောက် လုံခြုံရေးနှင့်ပတ်သက်၍ အာရုံစိုက်နေ ကြသည်။ ဘောလုံးပြိုင်ပွဲများကို မြို့တော် ဂျကာတာ၊ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဆူရာဘာရာ နှင့် အခြားသောမြို့နှစ်မြို့တို့တွင် ကျင်းပနေကြသည်။ အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်နေကြသည်။
လက်ရှိပြိုင်ပွဲတွင် နေရာပေါင်း လေးခု၌ ရဲအရာရှိပေါင်း ၁၃၀၀၀ တပ်ဖြန့်ချထားမည်ဖြစ် သည်။ ဖီဖာဘောလုံးအဖွဲ့ချုပ်၏ လမ်းညွှန်ချက် များအတိုင်း လုံခြုံရေးအဆင့်အတန်းကို လိုက်နာမည်ဖြစ်ပြီး မျက်ရည်ယိုဗုံး အသုံးမပြု ဟုလည်း အင်ဒိုနီးရှားအမျိုးသားရဲဌာနမှ ပြည်သူ့သတင်းအချက်အလက် အကြီးအကဲ ဖြစ်သူ ဗိုလ်မှူးချုပ် အာမက်ရာမက်ဟန်က ပြောသည်။
ဘောလုံးပြိုင်ပွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိသည့်အတွက်လည်း အင်ဒိုနီးရှား ပြည်သူများက ဂုဏ်ယူကြကြောင်း ၎င်းက ဆက်ပြောသည်။ ယခုပွဲကို အောင်အောင်မြင် မြင်ဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခြင်း ဖြင့် အခြားသောအာဆီယံနိုင်ငံများနှင့်အတူ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲကျင်းပနိုင်မည့်အခွင့်အရေး အပါအဝင် အခြားသောအခွင့်အရေးများ ရရှိလာနိုင်လိမ့် မည်ဟု အစိုးရက မျှော်လင့်ထားသည်။
အင်န်အိတ်ချ်ကေ