ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန္တလေးမြို့တော်ကြီးကို ကာကွယ်ရန်၊ စစ်ဘေးမဖြစ်စေရန်အတွက် သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်

နေပြည်တော်  ဩဂုတ်  ၂၉
မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များ နှင့် မြို့တော်ကြီးကို   ကာကွယ် ရန်၊ စစ်ဘေးမဖြစ်စေရန်အတွက် ပြည်သူများ၏  ဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အောင်မြေ သာစံမြို့နယ် ဒေါနဘွားရပ်ကွက် ၁၄ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်း ကြား၊ မန္တလေးတောင်ခြေရှိ ခြင်္သေ့ ကြီးနှစ်ကောင်ရှေ့တွင်    သံဃာ တော်များနှင့်   မျိုးချစ်ဒေသခံ ပြည်သူများစုပေါင်း၍ ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ  ဆန္ဒထုတ်ဖော်ပွဲသို့ မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင် များမှ သံဃာတော်များနှင့် မျိုးချစ် ဒေသခံပြည်သူများက   မန္တလေး တောင်ခြေရှိ ခြင်္သေ့ကြီးနှစ်ကောင် ရှေ့တွင် စုရပ်ပြုလုပ်၍ ပြည်ကြီး တံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းသို့ စနစ်တကျ    စီတန်းလှည့်လည် ချီတက်၍ ဆန္ဒထုတ်ဖော်ရာ လမ်း တစ်လျှောက်တွင်   ယဉ်ကျေးမှု အမွေအနှစ်များတည်တံ့ဖို့     ဒို့ မန္တလေးသားတွေ စောင့်ရှောက် စို့၊ မန္တလေးမြို့ကြီး   မပျက်စီးဖို့ မန်းပြည်သူတွေ    စည်းလုံးစို့၊ ရာဇဝင်ကောင်းတဲ့    ဒို့မန္တလေး   ဒို့မျိုးဆက်အတွက် ဆက်ထိန်းပေး၊ အကြမ်းဖက်မှုများ   တိုက်ခိုက်ဖို့ မန်းပြည်သူတွေညီကြစို့၊ တိုင်းရင်း သားညီအစ်ကိုမောင်နှမများ စည်းလုံး ညီညွတ်ရေး ဒို့အရေး၊ မန္တလေးမြို့ ကြီး  တည်ငြိမ်အေးချမ်းရေး    ဒို့ အရေး၊   ယဉ်ကျေးမှုအမွေအနှစ် များ     ထိန်းသိမ်းစောင့်ရှောက် ရေး   ဒို့အရေး၊     အကြမ်းဖက်မှုမှန် သမျှ   ဆန့်ကျင်ကြ      စသည့် ကြွေးကြော်သံများဖြင့်   ကြွေး ကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ် များ   ကိုင်ဆောင်ကာ   ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်