ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာအခြေခံ(ဆရာဖြစ်) သင်တန်းဖွင့်ပွဲ အခမ်းအနားများကျင်းပ

 

နေပြည်တော်    ဧပြီ    ၁ 


ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိ ဓမ္မာသင်တန်းနှင့်    ဗုဒ္ဓဘာသာ အခြေခံ  (ဆရာဖြစ်)   သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇    နာရီတွင်    ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေး   ဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

 


အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီဝင်များနှင့်  ၎င်းတို့၏  ဇနီးများ၊   ဌာနဆိုင်ရာ များ၊    ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ဆရာမကြီး  များနှင့် သင်တန်းသား၊ သင်တန်း  သူများ တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင်    နေပြည် တော်ကောင်စီဥက္ကဋ္ဌက  ယခုနှစ် နွေရာသီ        ကျောင်းပိတ်ရက် နေပြည်တော်အတွင်းရှိ သင်တန်း ဌာန ကိုးနေရာတွင် ကျောင်းသား ကျောင်းသူ လူငယ် ၁၀၂၄  ဦးကို မြို့နယ် သံဃနာယကအဖွဲ့များက ဦးဆောင်ဦးရွက်ပြု  ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ကြောင်း၊  ဗုဒ္ဓဘာသာ ဆိုင်ရာစာပေများကို  စနစ်တကျ လေ့လာသင်ယူပြီး  အမျိုးဘာသာ၊ သာသနာ ကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော    လူ့ဘောင်အဖွဲ့ အစည်းတည်ဆောက်နိုင်ပြီး နိုင်ငံ နှင့် လူမျိုးအကျိုးသယ်ပိုးနိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာ စေရန်   ကြိုးစားသင်ယူလေ့လာ ဆည်းပူးကြစေလိုကြောင်း   ပြော ကြားသည်။

 


ထို့နောက် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း  (YMBA) ဒုတိယ ဥက္ကဋ္ဌ   ဒေါက်တာ   အောင်မင်း ကျော်သူက  ဗုဒ္ဓဘာသာအခြေခံ (ဆရာဖြစ်)သင်တန်းနှင့်ပတ်သက်  ၍    သင်ကြားမည့်   ဘာသာရပ် များနှင့်     ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်      တောရကျောင်း  (မြို့တော်ဝန်ကျောင်း)မှ ယဉ်ကျေး  လိမ္မာ  သင်တန်းနည်းပြ  ဆရာမ ကြီး ဒေါ်ခင်လင်းက  သင်ကြား မည့် ဘာသာရပ်များကို ရှင်းလင်း တင်ပြကြသည်။

 


ယင်းနောက်   ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း     (YMBA)နာယကနှင့်   တာဝန်ရှိသူများက နေပြည်တော်       ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးထံ ဗုဒ္ဓဘာသာ အခြေခံ (ဆရာဖြစ်)     သင်တန်းအတွက် သင်ကြားရေးစာအုပ်    ၁၅၀  ကို ပေးအပ်လှူဒါန်းသည်။ 
ယနေ့ဖွင့်လှစ်သည့် ယဉ်ကျေး  လိမ္မာသင်တန်းတွင်  ဌာနဆိုင်ရာ ဝန်ထမ်းသားသမီး  ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ကို   ဧပြီ  ၁   ရက်မှ  ၅  ရက်အထိလည်း ကောင်း၊ အဘိဓမ္မာသင်တန်းတွင်  ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစု ဝင်  ၄၀ ကို ဧပြီ  ၁ ရက်မှ ၅ ရက် အထိလည်းကောင်း၊   ဗုဒ္ဓဘာသာ အခြေခံ (ဆရာဖြစ်)သင်တန်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစု ဝင် ၄၀ ကို ဧပြီ ၁ ရက်မှ ၇ ရက်အထိ  လည်းကောင်း   သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း သိရသည်။ 

 


ဆက်လက်၍    နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် စည်ပင်သာယာရေး  ကော်မတီရှိ မင်္ဂလာခန်းမ၌     ကျင်းပသည့်  နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများ၏     သား သမီးများအတွက်     မူလတန်း အဆင့်နှင့်    အလယ်တန်းအဆင့် ယဉ်ကျေးလိမ္မာ   သင်တန်းဖွင့်ပွဲ အခမ်းအနားသို့      တက်ရောက် ၍       သင်တန်းဖွင့်အမှာစကား     ပြောကြားသည်။

 


ထို့နောက် ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း (YMBA)   အထက် မြန်မာပြည်ဥက္ကဋ္ဌ     ဦးစိုးနိုင်   နှင့် YMBA   ဒုတိယဥက္ကဋ္ဌ   ဒေါက်တာ အောင်မင်းကျော်သူတို့က    ဗုဒ္ဓ ဘာသာ    ကလျာဏယုဝအသင်း  (YMBA)မှ နေပြည်တော်ကောင်စီနှင့်  နေပြည်တော် စည်ပင်သာယာရေး  ကော်မတီသို့ လှူဒါန်းသည့် အလှူ ငွေကျပ်သိန်း ၅၀၊  ကျောက်စိမ်း ကိုးလုံး     ပုတီးအကုံး    ၁၀၀၀  နှင့်    ဒေါက်တာ     စိုးသိန်းနှင့်  ဒေါ်ခင်ချိုအုန်းမိသားစုက နေပြည် တော်ကောင်စီနှင့်   နေပြည်တော် စည်ပင်သာယာရေး  ကော်မတီသို့ အလှူငွေကျပ်     သိန်း  ၆၀ ကို  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး  ထံ ပေးအပ်လှူဒါန်းကြသည်။

 


ယဉ်ကျေးလိမ္မာ    သင်တန်း  တွင်     နေပြည်တော်     စည်ပင် သာယာရေးကော်မတီ    ဝန်ထမ်း များ၏    သားသမီးကျောင်းသား ကျောင်းသူများအနက်  Grade 3 မှ Grade 5 အထိ  အခြေခံပညာ မူလတန်းအဆင့်     ကျောင်းသား ကျောင်းသူ ၆၃ ဦးနှင့် Grade 6 မှ Grade 8 အထိ အလယ်တန်းအဆင့်  ကျောင်းသား  ကျောင်းသူ  ၄၀ ကို   ဧပြီ ၁ ရက်မှ  ၅ ရက်အထိ ဖွင့်လှစ် သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း  သိရသည်။              

သတင်းစဉ်