ယင်းမာပင်မြို့နယ် သံဘိုကျေးရွာအတွင်းသို့ တပ်မတော်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိဟု မဟုတ်မမှန်ဝါဒဖြန့်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၆
စစ်ကိုင်းတိုင်းဒေသကြီး       ယင်းမာပင် မြို့နယ် သံဘိုကျေးရွာအတွင်းသို့ ဒီဇင် ဘာ ၅ ရက်    ညနေ  ၃  နာရီခွဲခန့်တွင် တပ်မတော်မှ ပစ်ခတ်သည့် လက်နက် ကြီးကျည်      ကျရောက်     ပေါက်ကွဲခဲ့ ကြောင်းနှင့်    ဒေသခံပြည်သူ    သုံးဦး  ထိခိုက်ဒဏ်ရာ    ရရှိခဲ့ကြောင်း    လူမှု ကွန်ရက်စာမျက်နှာများတွင်   ဝါဒဖြန့် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိ ရသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါနယ်မြေ အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ    ဆက်သွယ် မေးမြန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင် များ အနေဖြင့် ယင်းမာပင်မြို့နယ်အတွင်း နယ်မြေဒေသ  တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေး တာဝန်များကို နေ့ညမပျက်ထမ်းဆောင် လျက်ရှိသော်လည်း    ဒီဇင်ဘာ   ၅  ရက် ညနေပိုင်းတွင်    အဆိုပါကျေးရွာအနီး ဝန်းကျင်၌ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်စုံ တစ်ရာ     ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ကျေးရွာများအနီးတွင် ခိုအောင်း နေထိုင်ကြပြီး နယ်မြေအတွင်းတည်ငြိမ် အေးချမ်းမှုကို  ပျက်ပြားစေရန်အတွက် ကျေးရွာများအတွင်းသို့   Drop  Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် အဝေးမှနှောင့်ယှက်ပစ်ခတ် ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် လျက်ရှိကြောင်း၊   ထိုသို့   PDF   အမည်ခံ အကြမ်းဖက်သမားများ၏  ပစ်ခတ်မှုများ ကြောင့်   ဒေသခံအချို့သေဆုံး၊   ထိခိုက် ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ်လျက် ရှိပြီး တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင်   PDF အမည်ခံ    အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာသော   လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ သလို မဟုတ်မမှန်သတင်းများကို ဝါဒဖြန့် ရေးသားဖြန့်ဝေကာ     ပြည်သူလူထုမှ တပ်မတော်အပေါ်  အထင်အမြင်လွဲမှား စေရေး    ရည်ရွယ်ချက်ရှိရှိ    ဝါဒဖြန့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။                              သတင်းစဉ်