ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို ဆောင်ရွက်နိုင်မည် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရမည်ဖြစ်

 

နေပြည်တော်   စက်တင်ဘာ   ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။  


အစည်းအဝေးသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် 
ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသား ပြည်သူများအားလုံး ပညာတတ်များဖြစ်ရန်လို 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က      အဖွင့်အမှာစကား ပြောကြားရာတွင်     နိုင်ငံတော်ကို    နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ၆ လ သက်တမ်းတိုးပြီးချိန်တွင် အသစ်ထပ်မံဖွဲ့စည်းသည့်    ကောင်စီဝင်များဖြင့် ဒုတိယအကြိမ်ပြုလုပ်သည့်     အစည်းအဝေးဖြစ် ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေချိန် အတွင်း နိုင်ငံတော်ကို ပုံမှန်လမ်းကြောင်းအတိုင်း ဖြစ်စေရန် နှင့်    ရွေးကောက်ပွဲ      ပြန်လည်ကျင်းပပြုလုပ်၍ ထွက်ပေါ်လာမည့်အစိုးရကို  နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးနိုင်ရန်မှာ  မိမိတို့၏အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ ယခုအခါ အရေးပေါ်အခြေ အနေကာလမှာ  ၂   နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် နိုင်ငံတော်ကို အရေး ပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်နေရသည် ဖြစ်သော်လည်း   အခြေအနေ    အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများ     အားလုံးတိုးတက်အောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်း မှ ရပ်တန့်နေ၍မရကြောင်း၊ ရပ်တန့်နေပါက ရပ်တန့် နေသည့်   နယ်ပယ်၊  ရပ်တန့်နေသည့်  ဒေသသည် ကျန်ခဲ့မည်ဖြစ်ကြောင်း။


မိမိတို့၏    နိုင်ငံရေးရည်မှန်းချက်မှာ    စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အသစ်ထပ်မံချမှတ်ထားသည့်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်  ၅   ရပ်၏ ပထမအချက်တွင်  “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေး      ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့် အဝရရှိလာအောင်   အလေးထားဆောင်ရွက်သွား မည်” ဟု   ချမှတ်ထားကြောင်း၊    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စုကို ဆောင်ရွက်ရာတွင်   ဒီမိုကရေစီစနစ်၊   ဖက်ဒရယ် အုပ်ချုပ်ရေးတို့နှင့်ပတ်သက်၍ ခွဲခြား၍ရကြောင်း၊ ဖက်ဒရယ်စနစ်ကို လူမျိုးအား အခြေခံသည့်ဖက်ဒရယ် စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကို အခြေခံ သည့်စနစ်ကို     အဓိကထား     ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။


 ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ အတတ် ပညာများရှိရန်လိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍  အားပေးဆောင်ရွက်ရန် အမြဲမပြတ် တိုက်တွန်းအားပေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသား ပြည်သူအားလုံးစာတတ်မြောက်ရန်နှင့် အတန်းပညာ များ     တတ်မြောက်ရန်လိုကြောင်း၊    တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးလက်ဒေသများတွင် အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၁၅၅၀ ကျောင်းရှိ သည်ကိုတွေ့ရှိရပြီး မြို့ပေါ်တွင် အခြေခံပညာအလယ် တန်းကျောင်းပေါင်း   ၁၆၂၆  ကျောင်း၊  မူလတန်း ကျောင်းပေါင်း ၃၃၁၈ ကျောင်းရှိသည်ကို   တွေ့ရှိရ ကြောင်း၊ အဆိုပါအချက်အလက်များအရ အလယ် တန်းကျောင်းများ၏ ကျေးလက်နှင့်   မြို့ပြအချိုးမှာ ၈ အချိုး ၁ ရှိပြီး မူလတန်းကျောင်းများ၏ အချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့ နိုင်ငံ၏ ပျမ်းမျှမြို့ပေါ်နေလူဦးရေမှာ ၂၈ ရာခိုင်နှုန်းခန့် ရှိပြီး ကျေးလက်နေလူဦးရေမှာ ၇၂ ရာခိုင်နှုန်းခန့် ရှိသဖြင့် ကျေးလက်နေပြည်သူမှာ များပြားကြောင်း။


ပညာရေးနှင့်ပတ်သက်၍  ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ကြ သည်ကို  တွေ့ရကြောင်း၊ သို့သော်  ကျေးလက်နေ ပြည်သူများ၏   စာတတ်မြောက်မှုမှာ  နည်းပါးပြီး မြို့ပေါ်နေပြည်သူများ၏    စာတတ်မြောက်မှုမှာ  ပိုမိုများပြားသည်ကို တွေ့ရကြောင်း၊  အဓိကအားဖြင့်     ကျေးလက်နေပြည်သူများအနေဖြင့် ကျောင်းရှိသော် လည်း ကျောင်းနေရာခိုင်နှုန်းနည်းပါးခြင်းနှင့် ပညာ ရေးဆုံးခန်းတိုင်အောင် သင်ကြားမှုများ နည်းပါးသည် ကို  တွေ့ရကြောင်း၊   တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု နည်းပါးခြင်းနှင့် အခြားအခက်အခဲအမျိုးမျိုးကြောင့် အထူးသဖြင့်    ပြည်နယ်များရှိ   ကျေးလက်ဒေသ များတွင် ပညာရေးအားနည်းသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်  ကျေးလက်နေပြည်သူ များ၏ ပညာရေးမြှင့်တင်မှုကို မလွဲမသွေဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ    ဘဝရပ်တည်ရေး ကို   ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊   ထို့ကြောင့် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ ၏  ပညာရည်မြင့်မားရေးကို  ဦးစားပေး အားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့ နိုင်ငံတွင် “အ” သုံးလုံးသင်တန်းများကို  သင်ကြားပေး ခဲ့ရာ အောင်မြင်မှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင်  စံပြပုံစံ တစ်ခုအနေဖြင့် အသိအမှတ်ပြုခံရမှုများ ရရှိခဲ့ကြောင်း၊ “အ” သုံးလုံးသင်တန်းများမှတစ်ဆင့် စာပေဖတ်ရှုမှု ကို   စိတ်ဝင်စားလာပြီး   ၎င်းကိုအခြေခံ၍   ပညာ တတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပ ပညာရေးဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် လက်တွေ့ဆောင်ရွက်အောင်မြင်ခဲ့ သည့် သာဓကရှိကြောင်း၊ ၎င်းမှတစ်ဆင့် KG + 9 ကိုသင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရေး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့၏ ပညာရည်မြင့်မားရေး မျှော်မှန်းချက်တွင်  အဆိုပါအချက်ကို   ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း။
စည်းကမ်းသတ်မှတ်ချက်များမှတစ်ဆင့် ဥပဒေ များ  ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံရှိ ပြည်သူများအားလုံးအနေဖြင့်     ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကို သွားရာတွင်    ပညာတတ်များဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့် ပတ်သက်သည့် အသိပညာများကိုလည်း နားလည်မှုရှိရန်လိုကြောင်း၊ ထို့ကြောင့် အဆင့်မြင့် ပညာသင်ကြားပေးသည့် တက္ကသိုလ်များတွင် ဥပဒေ ဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးနေခြင်း ဖြစ်ကြောင်း၊ ဥပဒေအခြေခံကို လက်တွေ့ကျကျသိရှိ နိုင်ရေး BA(Law) ဘွဲ့ပေးရန်  စီစဉ်ထားပြီး   ဥပဒေကို အသက်မွေးဝမ်းကျောင်းပညာအဖြစ် အသုံးပြုမည့် သူများအတွက်    LLB  ဘွဲ့ကိုမူ   တိုင်းဒေသကြီး၊ ပြည်နယ်များ၌    အနည်းဆုံး   တက္ကသိုလ်တစ်ခုစီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအခြေခံပညာရပ် များကို နားလည်သိရှိသူများ များပြားလာမည်ဆိုပါက နိုင်ငံရေးနှင့်ပတ်သက်၍   အကျိုးပြုမှုများ ဖြစ်လာ မည်ဟု ယုံကြည်ပါကြောင်း။


နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် လိုအပ်သည့် 
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန် 
နှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက် 
နိုင်ရန် လိုအပ်သည့် လူသားအရင်းအမြစ်များ 
မွေးထုတ်ပေးလျက်ရှိ
စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ် မှုများကို   စနစ်တကျဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေး GDP ကို  တွက်ချက်ရာတွင်  လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့်    ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ သုံးမျိုးရှိကြောင်း၊ စက်မှုလုပ်ငန်းနှင့်  ဝန်ဆောင်မှု လုပ်ငန်းသည်  ကုန်ထုတ်လုပ်မှုများမှ   အခြေခံ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရန်အတွက်   ကုန်ကြမ်းများ  လိုအပ် ကြောင်း၊  အခြေခံကုန်ကြမ်းများရှိမှသာ   အခြား လုပ်ငန်းများ     လည်ပတ်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာ သည့်   ထွက်ကုန်များကို    စက်မှုထုတ်ကုန်အဖြစ် အဆင့်မြှင့်ထုတ်လုပ်ခြင်းဖြစ်ကြောင်း။


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များသည် မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း များအတွက် သေချာသည့် ကုန်ကြမ်းများဖြစ်ကြောင်း၊ ထို့ကြောင့်   မိမိတို့နိုင်ငံ၏   မူလရှိပြီးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်   ဆောင်ရွက်၍      ခိုင်မာသည့် ကုန်ထုတ်လုပ်မှုများကို     ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင် ရာပညာရပ်များအလိုက် ပညာရှင်များ၊   နားလည် တတ်ကျွမ်းသူများလိုအပ်ကြောင်း၊  မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် များကို စတင်ထမ်းဆောင်ချိန်၌ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်သည့် လူသား အရင်းအမြစ်များ နည်းပါးလျက်ရှိသည်ကို တွေ့ရှိရ သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အသိ ပညာရှင်၊  အတတ်ပညာရှင်နှင့်   ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများ    တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံချမှတ် ထားသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်၏ လူမှုရေးဦးတည်ချက်  ပထမ အချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟု  ချမှတ်ထား ကြောင်း၊ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုသည့် ပညာရှင်များပေါ် ထွန်းလာစေရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မူလတန်းပညာ၊ အလယ်တန်းပညာများ ပြီးမြောက်ပြီးသူများကို   အထက်တန်းပညာတက် ရောက်ချိန်တွင်  စက်မှု၊  စိုက်ပျိုး၊   မွေးမြူရေးနှင့် ပတ်သက်သည့်       ကျွမ်းကျင်သူများဖြစ်အောင် သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊    ထိုမှတစ်ဆင့် ဘာသာရပ်အလိုက် ထူးချွန်သူများအနေဖြင့် သိပ္ပံ များ၊ ကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စီးပွား ရေးနှင့်ပတ်သက်၍   တတ်ကျွမ်းရန်   လိုအပ်သည့် အတွက်   တက္ကသိုလ်များ၌    စီးပွားရေးပညာကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊   ထိုသို့ ဆောင်ရွက်ရာ၌လည်း စီးပွားရေးအသိပညာအခြေခံ ကို   တတ်သိနားလည်မည့်သူများနှင့်   ကျွမ်းကျင် ပညာရှင်များ ထွက်ပေါ်လာရေး နှစ်ပိုင်းခွဲဆောင်ရွက် လျက်ရှိကြောင်း၊    ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးအမြင်ရှိပြီး      အခြေခံသဘောတရားကို နားလည်သည့် လူသားအရင်းအမြစ်များ များစွာရှိလာ မည်ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်  တစ်ဖက်တစ်လမ်းမှ  အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း။  


အရည်အသွေးမြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို 
အထောက်အကူပြုသည့် လူသားအရင်းအမြစ် 
ကောင်းများ မွေးထုတ်ပေးနိုင်ရေး


တိုင်းပြည်စီးပွားရေးကို မြှင့်တင်ရာတွင် လူသား အရင်းအမြစ်ကောင်းများ များစွာမွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊  ၂၀၁၉  -  ၂၀၂၀ ခုနှစ်တွင် မိမိတို့နိုင်ငံ၏   GDP  မှာ  ၇၈ ဒသမ ၉ ဘီလီယံရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များထက် များစွာလျော့နည်းလျက်ရှိကြောင်း၊ တန်ဖိုး မြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့်   ဝန်ဆောင်မှု လုပ်ငန်းများ များပြားခြင်းကြောင့် GDP များရခြင်း ဖြစ်ကြောင်း၊  ထို့ကြောင့်  မိမိတို့အနေဖြင့် အခြေခံ အကျဆုံးဖြစ်သည့်  စိုက်ပျိုးမွေးမြူရေးကို  အခြေခံ သည့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို   အားပေး ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်း များကို   အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံအနေ ဖြင့် ထုတ်ကုန်ပစ္စည်းများ၊ တစ်ဧကအထွက်နှုန်းများ၊ သီးထပ်စွမ်းအားများ အားနည်းနေသည်ကို တွေ့ရှိရ ပြီး   လုပ်ငန်းများ    အောင်မြင်မှုရရှိရန်    ဖိဖိစီးစီး လုပ်ဆောင်လိုစိတ်အားနည်းခြင်း၊ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်   အခွင့်အလမ်းဖန်တီးပေးနိုင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအားနည်းခြင်းတွင်   နှစ်ပိုင်းရှိပြီး လိုအပ်သည့်   သွင်းအားစုများ  ပြည့်စုံစွာရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မှု    အားနည်းခြင်းနှင့်     လုပ်ငန်း ဆောင်ရွက်သူများကို အားပေးချီးမြှင့်မှု (Incentive)များ    လုပ်ဆောင်ပေးရန်   အားနည်းခြင်းတို့ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် အောင်မြင်မှုများရရှိစေရေး ဖိဖိစီးစီးဆောင်ရွက် ရန်နှင့်   ထိုသို့    ဆောင်ရွက်နိုင်ရေးအတွက်လည်း အခွင့်အလမ်းများ    ဖော်ဆောင်ဖန်တီးပေးရန်နှင့်  အားပေးချီးမြှင့်မှုများ    ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ လိုအပ်သည့်  သွင်းအားစုများ  ပြည့်စုံစွာ ရရှိရေးနှင့်   အားပေးချီးမြှင့်မှု  (Incentive)   များ ဖော်ဆောင်ပေးနိုင်ရေး အစိုးရမှ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စီးပွားရေးအားကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးပညာရှင်များ     မွေးထုတ်ပေးနိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုကို    အထောက်အကူပြုသည့် ပညာရှင်များ  ပေါ်ထွက်လာရေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေး လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်ရန် လိုအပ် သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု နည်းပညာ ဘာသာရပ်များကို သင်ကြားပေးမည့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်း များ   ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊   ယင်းတို့ကို ပြည့်စုံအောင်   ဆောင်ရွက်ပေးမည်ဆိုပါက     နောင် အနာဂတ်တွင်    ပညာရေးနှင့်     စီးပွားရေးအား ကောင်းမွန်လာမည်ဖြစ်ကြောင်း။
ပြည်ပပို့ကုန်နှင့်  ပတ်သက်၍    မိမိတို့နိုင်ငံမှ ပို့ကုန်များသည်   ဈေးကောင်းရရှိမှု    မရှိသည်ကို တွေ့ရှိရပြီး ကုန်ထုတ်လုပ်မှုနည်းပညာ အားနည်းမှု များကြောင့်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန် သည့်     ထုတ်ကုန်ပစ္စည်းများ      ဖြစ်မှသာလျှင် ဈေးကောင်းရရှိနိုင်မည်ဖြစ်သဖြင့်        အဆင့်မြင့် ကုန်ထုတ်လုပ်မှုနည်းပညာများ ဖြစ်ရန်လိုကြောင်း၊ ထို့ပြင် ဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်နိုင် ရေးအတွက်လည်း     မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။ 


လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး


မိမိတို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးပင်ဖြစ်ကြောင်း၊  ထို့ကြောင့်   လွတ်လပ်ပြီး တရားမျှတသည့်     ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   တစ်နိုင်ငံလုံး အကြားအလပ်မရှိ    ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ အခြေခံ အချက်အလက်များ   မှန်ကန်မှသာလျှင်   မဲစာရင်း မှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ ယခင်     ၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်     မဲစာရင်း မှားယွင်းမှုများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်၌   မိမိတို့နိုင်ငံ၏  လူဦးရေတိုးတက်မှု နှုန်းသည် ၀ ဒသမ ၈  ရာခိုင်နှုန်းသာရှိပြီး  ယင်းကို အခြေခံ၍ တွက်ချက်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် စာရင်းကို တွက်ချက်၍ ရမည်ဖြစ်ကြောင်း၊ သို့သော် လည်း ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ လွဲမှားမှု များစွာဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်  လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှု ရှိရေး   အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သည်များ  ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်     သန်းခေါင်စာရင်းကောက်ယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှ သာလျှင်    လူဦးရေစာရင်း    ထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို   ပြုစုနိုင်မည်ဖြစ်ကြောင်း၊  တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အလိုက်  မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ်အချို့ရှိကြောင်း၊ မဲစာရင်း ကောက်ယူသည့် တာဝန်ရှိသူများကို အနှောင့်အယှက် ပေးနေမှုများကြောင့် ကောက်ယူမှုမပြုနိုင်သေးခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်  မဲစာရင်းများ   အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပြီး   မဲစာရင်းများ   အပြည့်အဝကောက်ယူနိုင်မှ သာလျှင် မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ် နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ် ဖြစ်အောင်    ဆောင်ရွက်၍ရသည်ဖြစ်သော်လည်း မိမိတို့ပြုလုပ်သည့်  ရွေးကောက်ပွဲသည်  စည်းစနစ် ကျနမှုရှိသည့်    အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့်      ဒီမိုကရေစီစနစ်ခိုင်မာစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲ ဖြစ်ပြီး   အကြမ်းဖက်သည့်    နည်းလမ်းများဖြင့် ဒီမိုကရေစီကိုတောင်းဆိုသည်မှာ   မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သက်ဆိုင် ရာဒေသများသို့   ရောက်ရှိပါက    လူဦးရေစာရင်း ကောက်ယူမှုများ ဆောလျင်စွာ ပြုစုပြီးစီးနိုင်ရေး အတွက်ကိုလည်း တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပညာရေးမြှင့်တင်မှုကဏ္ဍ၊ စီးပွားရေး မြှင့်တင်မှုကဏ္ဍနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။     


ယင်းနောက်  ကောင်စီဝင်များက ကယားပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများ အား      ထောက်ပံ့ကူညီပေးရေး၊     ရှမ်းပြည်နယ် (မြောက်ပိုင်း)  အတွင်းရှိ   အခြေခံပညာကျောင်းများ တွင်   နိုင်ငံတော်အစိုးရက   သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း အပြည့်အဝ သင်ကြား ပို့ချနိုင်ရန်  စီစဉ်ဆောင်ရွက်ပေးရေး၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၏  လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်ရေးအတွက်   လိုအပ်သည့်  ပံ့ပိုးမှုများနှင့် စွမ်းရည်မြှင့်သင်တန်းများ     ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးရေး၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် ကြုံတွေ့ရနိုင်သည့် မဲစာရင်းဆိုင်ရာ မှားယွင်း မှုများနှင့် မဲမသမာမှုများ မဖြစ်ပေါ်စေရေး  ဥပဒေ ပြဋ္ဌာန်း၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဒေသအလိုက် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်း ရေးအတွက်  ဒေသခံပြည်သူလူထု၏   အင်အားကို ရယူ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ယင်းစုစည်း အားကို   အကျိုးရှိ    ထိရောက်စွာ   အသုံးပြုနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။


ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့်    နိုင်ငံတော်၏   ပညာရေး၊ ကျန်းမာရေး၊  လူမှုရေးနှင့်   စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့်နယ်မြေနှင့်    တည်ငြိမ် အေးချမ်းမှုမရှိသည့်နယ်မြေတို့      နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့်  နယ်မြေတွင်  ဒေသ ဖွံ့ဖြိုးရေးနှင့်  ပြည်သူတို့၏   လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ များစွာကွာဟသွားသည်ကို တွေ့ရ ကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့်    တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြမ်းဖက်မှုများရှိနေသည့် နယ်မြေ များတွင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက် ၍ မရသည်ကို တွေ့ရကြောင်း၊ နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို      နယ်မြေခံလူထုက       ခံစားနေရ ကြောင်း၊ လူတစ်စု၏မိုက်မဲမှုကို ဒေသခံလူအများက ခံနေရကြောင်း၊ ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက် ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များအနေဖြင့်လည်း အဆင့်ဆင့် ကွပ်ကဲ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့်   ဒေသအလိုက်ရှိ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုပြီး ၎င်းတို့၏ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေး၍ ၎င်းတို့၏ ယုံကြည်ချက်၊ ခံယူချက် မြင့်မားလာအောင် ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေ ဖြင့်   တိုင်းပြည်အပေါ်တွင်    စိတ်ကောင်းစေတနာ ကောင်းထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက် ဖြစ်သည့်   ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို    အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး  လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း။


လာမည့်  အောက်တိုဘာ   ၁၅  ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန် များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ် မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း၊ အစိုးရဘက် မှ မိမိကိုယ်တိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်  ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊  ယခု အခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ၏  တာဝန်ရှိသူတစ်ဦးက   NCA   နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကို   တွေ့ရကြောင်း၊    တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက် ၍    NCA   စာချုပ်အပေါ်တွင်သာ    ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် (၈)နှစ် မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း  လက်တွေ့ ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ် ကျင်းပသွားမည်ဖြစ်ကြောင်း။


ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ပံ့ပိုးမှု များနှင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအလိုက်   လက်တွေ့အကောင်အထည်ဖော်နိုင် ရေး     ဆွေးနွေးပွဲများကျင်းပ၍      နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရန်လိုကြောင်း။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက်    မဲစာရင်း ကောက်ယူခြင်းလုပ်ငန်းများနှင့်     မဲပေးပိုင်ခွင့်ရှိသူ အားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊    ဆန္ဒမဲ ပေးရာတွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရော နစ်    မဲပေးစနစ်ဖြင့်    စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ များနှင့်ပတ်သက်၍   စနစ်တကျရှိစေရေးအတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။


လူငယ်များ ပညာရေးကောင်းမှ 
နိုင်ငံ၏ အနာဂတ်ကောင်းမွန်မည်ဖြစ်


လယ်ယာကဏ္ဍတွင် လယ်ယာလုပ်သား ရှားပါးမှု အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက်  မျိုး၊ မြေ၊ ရေ၊   နည်းစနစ်မှန်ကန်စွာဖြင့်     စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊    ပညာရေးကဏ္ဍတွင်လည်း      လက်ရှိ အကောင်အထည်ဖော်နေသည့် Kg + 9 မှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ သိပ္ပံ အဆင့်သို့ တက်လှမ်းပြီး ထိုမှတစ်ဆင့် လက်တွေ့ အသုံးချသိပ္ပံပညာရပ်များကို ဆက်လက်သင်ကြားနိုင် ရေးအတွက် Poly technic institute ထူထောင် ဖွင့်လှစ်နိုင်ရေး    သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ နိုင်ငံ၏ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက်   လိုအပ်သည့်   လူသားအရင်း အမြစ်များ၊   ပညာရှင်များမွေးထုတ်နိုင်ရေး   စီမံ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ လူငယ်များ ပညာရေးကောင်းမှ နိုင်ငံ၏ အနာဂတ်ကောင်းမွန်မည် ဖြစ်ကြောင်း။


နိုင်ငံတော်၏   အနာဂတ်ကောင်းမွန်စေရေး အတွက်   မျှော်မှန်းပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက် သည်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကောင်စီဝင် များအနေဖြင့်   အမြင်ကျယ်ကျယ်ထား၍   နိုင်ငံတော် တစ်ဝန်းလုံးအတွက် လွှမ်းခြုံစဉ်းစားဆောင်ရွက်ရန် နှင့် နယ်ပယ်အားလုံးအတွက် ကိုယ်စားပြု၍ ကြိုးစား လုပ်ဆောင်သွားကြရန်    တိုက်တွန်းပြောကြားလို ကြောင်း  မှာကြားပြီး  အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်