
ရန်ကုန် မတ် ၂၀
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ကျင်းပသည့် ဆေး တက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များနှင့် သူနာပြု သားဖွား သင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများအား “တားဆီး ကာကွယ် မီဒီယာအဆိပ်သင့်မှု အန္တရာယ်” နှင့် “နိုင်ငံတော် တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက် ရောက်ဆွေးနွေး ပြောကြားသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ဆေးတက္ကသိုလ် များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ် များ၊ သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ပါမောက္ခချုပ်များ နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေး နှင့် မီဒီယာ၏ အခန်းကဏ္ဍ” မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားရာ တွင် ယနေ့ဆွေးနွေးပွဲမှ ကျောင်း သား ကျောင်းသူများ၏ အနာဂတ် လျှောက်လှမ်းရမည့် ဘဝအတွက် အသိအမြင်ကောင်းများ ရရှိစေလို ကြောင်း၊ ယနေ့ တက်ရောက်လာ ကြသည့် ကျောင်းသား ကျောင်းသူ များသည် မကြာမီဆေးပညာ နယ်ပယ်ရပ်၌ နိုင်ငံ့တာဝန် ထမ်းဆောင်ကြရမည့်သူများဖြစ် သည့်အတွက် သတင်းတု၊ သတင်း မှားကို ခွဲခြားဆန်းစစ်နိုင်ကြစေလို ကြောင်း၊ နိုင်ငံတော်တည်ဆောက် ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ သည် လွန်စွာအရေးကြီးပါကြောင်း၊ ယနေ့အချိန်အခါတွင် သတင်းတု၊ သတင်းမှားနှင့် ပတ်သက်ပြီး အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေသည့်အတွက် ကျောင်း သား ကျောင်းသူများအနေဖြင့် ဆိုရှယ်မီဒီယာပေါ်မှ သတင်း အမှားများကို ဝေဖန်ပိုင်းခြားတတ် ကြရန်လိုအပ်ကြောင်း၊ အရာရာကို ဦးနှောက်ဖြင့် ချင့်ချိန်စဉ်းစားရန် လိုကြောင်း၊ ယနေ့ ဖြစ်ပေါ်နေ သည့်အခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် နိုင်ငံတော် က ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သတင်းအဆိပ်သင့် မှုအန္တရာယ်သည် မိမိတို့၏ နေ့စဉ် လူမှုစီးပွားဘဝများစွာကို သက်ရောက်ကြောင်း၊ သတင်း အမှားများကို နားယောင်ပြီး ဆုံးဖြတ်ချက်အမှား၊ ရည်ရွယ် ချက်အမှား၊ စေတနာအမှား စသည့်အမှားများစွာ ဖြစ်ပေါ်လာ နိုင်ပါကြောင်း၊ ယနေ့ လူငယ်၊ လူရွယ်များအနေဖြင့် သတင်းအမှား များကို ဆင်ခြင်သိ၊ တွေးတော သိဖြင့် ကြိုတင်တားဆီးကာကွယ် နိုင်ရမည်ဖြစ်ပါကြောင်း။
စေတနာထားဆောင်ရွက်
နိုင်ငံတော်ဝန်ကြီးချုပ် အနေ ဖြင့် ပညာရေးကို အလေးထားပါ ကြောင်း၊ ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်း သား ကျောင်းသူများသည် ပြည်သူ များ၏အသက်ကို စောင့်ရှောက် ကြမည့်သူများဖြစ်ပြီး အရည် အချင်းနှင့် အသိဉာဏ်မြင့်မားသူ များဖြစ်၍ တန်ဖိုးထားလေးစားပါ ကြောင်း၊ အနာဂတ်တွင် မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်များဖြင့် ပြည်သူနှင့် နိုင်ငံတော်အတွက် စေတနာထား ဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည့် နည်း ပညာရပ်များကို မျက်ခြည်မပြတ် ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဖြစ်ရန်အတွက် သတင်းအချက် အလက်အမှန်များ သိရှိရန်လိုအပ် ပါကြောင်း။
သေချာဆန်းစစ်ရန်လို
အနာဂတ်နိုင်ငံတော်ကို ပခုံး ပြောင်း တာဝန်ထမ်းဆောင်ကြ မည့် ကျောင်းသား ကျောင်းသူများ သည် နိုင်ငံတော်၏ရတနာများ ဖြစ်သည့်အတွက် သတင်းမီဒီယာ ၏တန်ဖိုးကို သိရှိနားလည်ပြီး နေ့စဉ်လူမှုဘဝကို အကျိုးရှိအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ လတ်တလောတွင် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက် သည့် သတင်းအချက်အလက် များ၊ ကောလာဟလများကို သေချာဆန်းစစ်ရန် လိုပါကြောင်း၊ မှန်ကန်သော သတင်းအချက် အလက်များကို အမြဲမပြတ်၊ မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာ၍ စိုးရိမ်ပူပန်မှု မရှိကြ စေလိုကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံ သားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန် ကိုယ် တတ်စွမ်းသည့် ကဏ္ဍအလိုက် အလှည့်ကျဖြင့် နိုင်ငံ့တာဝန်ကို ပေါ့ပါးစွာထမ်းဆောင်ရမည်ဖြစ်ပါ ကြောင်း၊ တည်ငြိမ်အေးချမ်းသည့် နိုင်ငံအဖြစ်ဖြတ်သန်းနိုင်ရန် မိမိ တို့အားလုံး စိတ်တူကိုယ်တူ ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက် သွားကြစေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ပြည်ထောင်စု ဝန်ကြီးနှင့် ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ က တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများ အတွက် DTH စလောင်းငါးစုံနှင့် MRTV Set- top Box အလုံး ၁၀၀ တို့ကို ကံစမ်းမဲဖောက်ပေးပြီး ဆေး တက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၊ သူနာပြု/သားဖွား သင်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ် များ၊ သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမကြီး များ၊ ကျောင်းသား ကျောင်းသူများ နှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ဆွေးနွေးပွဲသို့ ဆေးတက္ကသိုလ် (၁) (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူ ၁၀၀၊ ဆေးတက္ကသိုလ် (၂) (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူ ၁၀၀၊ ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၂၀၊ သွားဘက်ဆိုင်ရာ တက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်း သူ ၅၀၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်း သူ ၅၀၊ ဆေးဘက်ဆိုင်ရာ နည်း ပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၅၀၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၅၀၊ ရန်ကုန်သူနာပြုသင်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူ ၂၅ ဦး၊ ရန်ကုန်အရှေ့ပိုင်း သူနာပြု သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၅ ဦး၊ မြောက် ဥက္ကလာပ သူနာပြုသင်တန်း ကျောင်းမှ ကျောင်းသား ကျောင်း သူ ၂၅ ဦးနှင့် ဗဟိုသားဖွား သင်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူ ၂၅ ဦး စုစုပေါင်းကျောင်းသား ကျောင်း သူ ၅၂၀ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်