ယခုနှစ်တွင် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ပိုမိုကြုံတွေ့ရနိုင် ဆေးရုံများရှိ လူနာနှင့်လူနာစောင့်များ ဘေးအန္တရာယ်ကင်းစေရေး၊ ဆေးပစ္စည်းများ မပျက်စီးစေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

 

နေပြည်တော်   ဧပြီ    ၂၂


မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးကို  ယနေ့ နံနက် ၉ နာရီခွဲက   နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန COVID-19 Command Center အစည်းအဝေးခန်းမ Virtual စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးတွင်       ကျန်းမာရေး ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ပါမောက္ခ  ဒေါက်တာ  သက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံမှု  လုပ်ငန်းများ အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို    အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ   လက်ရှိ ကာလတွင် ရောဂါကူးစက်မှု အခြေအနေ ကို  အတိုင်းအတာတစ်ခုအထိ  ထိန်းချုပ် နိုင်လျက်ရှိကာ    ဖြေလျှော့မှုများလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခု အချိန်အခါသည်  ပုံမှန်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး  လုပ်ငန်းများအား  အရှိန် အဟုန်မြှင့်တင်ကာ   ဆောင်ရွက်ရမည့် အချိန် ဖြစ်ပါကြောင်း။

 


တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုနှင့် တစ်ခု   ဖြစ်ပွားနိုင်သော  ဘေးအန္တရာယ် အမျိုးအစားနှင့်   ဖြစ်ပွားနိုင်မှု   အတိုင်း အတာ ကွာခြားမည်ဖြစ်ပါ၍ မိမိတို့ဒေသ အလိုက်၊ မြို့နယ်အလိုက်  ဖြစ်ပေါ်လာနိုင် သော ဘေးအန္တရာယ်အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊  မိုးကြို/မိုးရာသီကာလတွင် မုန်တိုင်းတိုက်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ် များ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်တွင် လာနီ ညာ  ရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်       လေပြင်း တိုက်ခတ်ခြင်းများ   ပိုမိုကြုံတွေ့ရနိုင် သည်ဖြစ်၍ ဆေးရုံများရှိ လူနာနှင့် လူနာ စောင့်များ   ဘေးအန္တရာယ်ကင်းစေရေး၊ ကျန်းမာရေးဌာန   အဆောက်အအုံများ ဘေးကင်းစေရေး၊   ဆေးနှင့်ဆေးပစ္စည်း များ မပျက်စီးစေရေးတို့အတွက် ကြိုတင် ပြင်ဆင်မှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

 


အသက်အရွယ်ကြီးသူများ၊ ကိုယ်ဝန် ဆောင်များ၊        ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊   ယာယီစခန်း  (IDP Camp) များတွင် နေထိုင်ရသူများစသည့် ထိခိုက်လွယ်အုပ်စု (vulnerable group) များတွင် ဘေးအန္တရာယ်ကြောင့် ပိုမိုထိခိုက် နိုင်ကာ      ကျန်းမာရေးပြဿနာများ လည်း ပိုမိုဖြစ်ပွားနိုင်သည် ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှု၏          နောက် ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မြွေကိုက်ခံရမှုအစရှိသည့်  ကျန်းမာရေး ပြဿနာများ   ပေါ်ပေါက်လာနိုင်သော ကြောင့်           ရေသန့်စင်ဆေးပြားများ၊ ဓာတ်ဆားများ၊   မြွေဆိပ်ဖြေဆေးများ အပါအဝင်  ဆေးဝါးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်          ထားရှိရမည်ဖြစ်ပါ ကြောင်း။

 


အလားတူ မိုးရာသီကာလတွင်ဖြစ်ပွား မှုများပြားသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါနှင့် အခြားကူးစက် ရောဂါများအတွက်     ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို    အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်   အသီးသီး တွင်   အသင့်ပြင်ဆင်ထားရှိသော ဘေး အန္တရာယ်ဆိုင်ရာသုံး ဆေးသေတ္တာပုံးများ တွင်   ဆေးဝါးများ  မပြတ်လပ်စေရေး ဖြည့်ဆည်းထားရမည်   ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်      ကျရောက်ချိန်တွင်  ကွပ်ကဲကြီးကြပ်မှုနှင့်           ချိတ်ဆက် ဆောင်ရွက်မှုများသည်    အရေးကြီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏  အရေးပေါ် အခြေအနေကွပ်ကဲမှု    စင်တာများတွင် လုပ်ငန်းများ     ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/        ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၏  ပြည်သူ့ ကျန်းမာရေးအရေးပေါ်    အခြေအနေ ကွပ်ကဲမှုစင်တာများကိုလည်း   အသင့် အနေအထားဖြစ်နေစေရန် စီမံဆောင်ရွက် ထားရမည်ဖြစ်၍     အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များကို ခရိုင်/  မြို့နယ်အဆင့်များ အထိ    အသင့်အနေအထား   ဖွဲ့စည်း လေ့ကျင့်ထားရမည် ဖြစ်ပါကြောင်း။

 


ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်  ရာတွင် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး (safety) ကိုလည်း အမြဲအလေးထားဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူဖြန့်ဝေပေးထားသော   အသက် ကယ်အင်္ကျီ (life jacket) များကိုလည်း ရေကြီးရေလျှံ ဖြစ်ပွားရာ  ဒေသများတွင် အသုံးပြုနိုင်ရေးအတွက်   အောက်ခြေ အဆင့်အထိရောက်အောင် ဖြန့်ဖြူးထား ရှိရမည်ဖြစ်ပါကြောင်း။

 


လုပ်ငန်းများ    ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး    ပံ့ပိုးပေးမည်ဖြစ်ကာ တိုင်းဒေသကြီး/   ပြည်နယ်   ပြည်သူ့ ကျန်းမာရေး     ဦးစီးဌာနများအနေဖြင့်  အကျိုးရှိ    ထိရောက်စွာ   အသုံးပြု ဆောင်ရွက်စေလိုပါကြောင်း   ပြောကြား သည်။

 


ထို့နောက်     ပြည်သူ့ကျန်းမာရေး ဦးစီးဌာန    သဘာဝဘေးနှင့်ပြည်သူ့ ကျန်းမာရေး    အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲက ၂၀၂၁ခုနှစ် မှ ယခုအထိ  ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြသည်။

 


ဆက်လက်၍      တိုင်းဒေသကြီး/  ပြည်နယ်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန မှူးများနှင့်    တာဝန်ရှိသူများက  ကဏ္ဍ အလိုက်ဆွေးနွေးကြပြီး တက်ရောက်လာ ကြသူများက    အထွေထွေဆွေးနွေးကြ ကာ    ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။                        

သတင်းစဉ်