
ဘားအံ မေ ၂၈
ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်ရှိ သဘာဝ ရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော်ကို မျိုးစိုက် ထည့်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၇ ရက်က ဘားအံမြို့ ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြုလုပ်သော ငါးမျိုး စိုက်ထည့်ပွဲမှ သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက ရှင်သန်ပေါက်ပွားရန် အကောင်းဆုံး အရွယ်ရှိသည့် ငါးခုံးမကြီးသားပေါက် ကောင်ရေ နှစ်သိန်းကျော်ကို သံလွင်မြစ်အတွင်းသို့ မျိုးစိုက်ထည့် ပေးခဲ့သည်။
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုထိန်းသိမ်းပြီး ဒေသတွင်းငါးစားသုံးမှု ဖူလုံပိုလျှံရေးနှင့် ငါးသယံ ဇာတ ပေါကြွယ်ဝစေရေးအတွက် နှစ်စဉ် ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယခုနှစ်တွင် ရှင်သန် ပေါက်ပွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသား ပေါက်ကောင်ရေ သုံးသိန်းကျော်ကို ငါးမျိုးစိုက်ထည့် ပေးခဲ့ပြီးကြောင်းနှင့် မိုးရာသီကာလအတွင်း ငါးသား ပေါက်ကောင်ရေ ၁၂ သိန်းအထိ မျိုးစိုက်ထည့်သွား မည်ဖြစ်ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် ဘားကပ်လျှပ်စစ်မြစ်ရေ တင်လုပ်ငန်း ရှင်းလင်းဆောင်၌ မြစ်ရေတင် အကျိုးပြုဧရိယာအတွင်း သီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)