ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသား ၁ ဒသမ ၂၉ သန်းခန့် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်

မနီလာ    အောက်တိုဘာ    ၆


၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ယနေ့အထိ ဖိလစ်ပိုင်နိုင်ငံသား    အနည်းဆုံး  ၁   ဒသမ ၂၉   သန်းခန့်   ပြည်ပ သို့    အလုပ်သွားရောက်လုပ်ကိုင် လျက်ရှိကြောင်း       ဖိလစ်ပိုင် ရွှေ့ပြောင်း အလုပ်သမားများဌာန က ပြောကြားသည်။


ပထမ        နှစ်ဝက်အတွင်း ဖိလစ်ပိုင်အလုပ်သမားများ နိုင်ငံရပ်ခြားအလုပ်လုပ်ကိုင်ခွင့် ချထား ပေးသည့်    အရေအတွက်သည် ယခင်နှစ်ထက်   ၃၇  ဒသမ ၄၆ ရာခိုင်နှုန်းပိုများကြောင်း ဖိလစ်ပိုင်  ရွှေ့ပြောင်း အလုပ်သမားများဌာန တာဝန်ခံ       ဟန်းစ်ကက်ဒက် က     အောက်တိုဘာ ၅ ရက်တွင် ပြောကြားသည်။


နယ်စပ်မှတစ်ဆင့် သွားရောက်  သည့် အလုပ်သမား ၉၆၆၄၇၉ ဦး နှင့်      ပင်လယ်ရေကြောင်းခရီး  ဖြင့် သွားရောက်သူ ၃၂၄၉၄၁ ဦး ရှိပြီး   အလုပ်သမားအများဆုံး သွားရောက်သည့်     နိုင်ငံများ အနက်  ဆော်ဒီအာရေးဗျ၊   အာရပ် စော်ဘွားများ    ပြည်ထောင်စုနှင့် စင်ကာပူနိုင်ငံတို့   ပါဝင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ 


ကက်ဒက်၏       အဆိုအရ ကျန်းမာရေးဝန်ထမ်းလုပ်ကိုင်ရန် သွားရောက်သူ အများဆုံးဖြစ်ပြီး  ခရီးသွားလုပ်ငန်းနှင့်  ဆောက်လုပ် ရေးနှင့်သက်ဆိုင်သော   အလုပ် သမားများမှာ  ဒုတိယအများဆုံး ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဖိလစ် ပိုင်အလုပ်သမား   ၂၀၅၇၀၄၀ ကို ပြည်ပသို့   သွားရောက်လုပ်ကိုင် ခွင့်ပြုပေးခဲ့သည်။ 
         

ဆင်ဟွာ