ယခုနှစ် ထိုင်းအစားအစာ ပြည်ပတင်ပို့မှု ၅ ရာခိုင်နှုန်း တိုးတက်နိုင်

 

ဘန်ကောက်    မေ    ၂၇


ရုရှား- ယူကရိန်း ပဋိပက္ခနှင့် နိုင်ငံအများအပြား တို့တွင် အစားအစာမလုံလောက်မှုအပေါ် စိုးရိမ်မှု များကြောင့် ယခုနှစ်  ပထမသုံးလပတ်တွင် ထိုင်း အစားအစာ   ပြည်ပတင်ပို့မှု  ၂၆   ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခုနှစ်  တစ်နှစ်လုံးအတွက် ၅ ရာခိုင်နှုန်း တိုးတက်လာလိမ့်မည်ဟု ထိုင်းအစား အစာ  ပြည်ပတင်ပို့သူများက မျှော်မှန်းထားကြ သည်။ ထိုင်းအစားအစာ ထုတ်လုပ်သူများအသင်း ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Visit Limlurcha က ရုရှား-ယူကရိန်း  ပဋိပက္ခကြောင့်   နိုင်ငံအများ အပြား၌ အစားအစာဖူလုံရေးအတွက် စိုးရိမ်နေကြ ပြီး အစားအစာတင်သွင်းသူများသည် အစားအစာ ပြတ်လပ်မှုမရှိစေရေး   အရှိန်မြှင့်တင်ဆောင်ရွက် နေကြသည်ဟု ဆိုသည်။

 


 အများဆုံးတင်ပို့သည့် ထုတ်ကုန် ၁၀ မျိုးတွင် အပင်နှင့်တိရစ္ဆာန်များမှ အဆီနှင့် စားသုံးနိုင်သော ဆီများ၊ သကြား၊ တင်လဲရည်၊ အစေ့အဆန်များ၊ ပြောင်း၊ အသားများနှင့် စားသုံးနိုင်သော တိရစ္ဆာန် အစိတ်အပိုင်းများ၊  ရေဘဝဲ၊   အိမ်မွေးတိရစ္ဆာန်၊ အစားအစာများ၊ ဆန်၊ ငါးနှင့်  ဟင်းခတ်အမွှေး အကြိုင်များပါဝင်ပြီး အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ဈေးကွက်များတွင် အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဗြိတိန်၊ အိန္ဒိယ၊ နယ်သာလန်နှင့်  ထိုင်ဝမ်တို့   ပါဝင်ကြ ကြောင်း သိရသည်။

 


ယခုနှစ်အတွက် အစားအစာ ပြည်ပတင်ပို့မှု အနေဖြင့် ၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်း ခဲ့ကြောင်း၊  စီးပွားရေး ပြန်လည်နာလန်ထူလာမှု၊ ကုန်သွယ်ဖက်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများ   တိုးတက်လာခြင်း၊  ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများနှင့်   ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အစားအစာထောက်ပံ့ပို့ဆောင် ရေးကွင်းဆက်နှောင့်နှေးမှုနှင့်   စွမ်းအင်ဈေးနှုန်း ကြီးမြင့်မှု၊ လယ်ယာထုတ်ကုန်  ကုန်ကြမ်းစရိတ်များ၊ သယ်ယူပို့ဆောင်ရေးနှင့် ထုပ်ပိုးမှုစရိတ်စကများ စသည့်စိန်ခေါ်မှုများမှာ    ဆက်လက်ရှိနေသေး   သည်။