ယခုနှစ် ရွေးကောက်ပွဲတွင် ထရမ့်နှင့် ဘိုင်ဒင်တို့ အမေရိကန်သမ္မတလောင်းများအဖြစ် ယှဉ်ပြိုင်ရဖွယ်ရှိ

 

ဝါရှင်တန်   မတ်   ၁၃


ယခုနှစ်   အမေရိကန်သမ္မတ   ရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်  သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြား    ပြန်လည်ယှဉ်ပြိုင်ရဖွယ် ရှိသည်။    ၎င်းတို့နှစ်ဦးစလုံးသည်     ၎င်းတို့ကိုယ်စားပြု ပါတီ၏ သမ္မတလောင်းများအဖြစ် ရွေးချယ်ခံရရန်  နီးကပ်နေပြီဖြစ်သည်။  
ဘိုင်ဒင်သည်   မတ်  ၁၂    ရက်က  ဂျော်ဂျီယာနှင့် အခြားသော ပြည်နယ်များတွင်ပြုလုပ်သည့် ပါတီ ကိုယ်စားလှယ်အကြိုရွေးချယ်ပွဲတွင်  အနိုင်ရရှိပြီး နောက်   ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရန်  လုံလောက်သည့်  ကိုယ်စားလှယ် အရေအတွက်ကို ရရှိထားပြီးဖြစ်သည်ဟု အမေရိကန် မီဒီယာကြီးများတွင် ဖော်ပြကြသည်။ 
ထရမ့်သည်လည်း      ရီပတ်ဘလစ်ကန်ပါတီ၏ ပါတီကိုယ်စားလှယ်လောင်း  အကြိုရွေးချယ်ပွဲ  အနိုင် ရရှိပြီး သမ္မတလောင်းအဖြစ် အမည်တင်သွင်းခံရရေး လုံလောက်သည့်  ကိုယ်စားလှယ်အရေအတွက်ကို ရရှိထားပြီးဖြစ်သည်ဟု မီဒီယာများတွင် ဖော်ပြကြ သည်။ 
ထရမ့်၏ သမ္မတနေရာရယူမည့်  ခြိမ်းခြောက်မှုမှာ  ပို၍ကြီးထွားလာသောကြောင့်    ပါတီနှင့်နိုင်ငံကို ဦးဆောင်ရန်အတွက် ၎င်းကို ထပ်မံယုံကြည်ပေးကြ သည့်     မဲဆန္ဒရှင်များကို     ကျေးဇူးတင်ကြောင်း   ဘိုင်ဒင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 
ရီပတ်ဘလစ်ကန်ပါတီသည် စည်းလုံးညီညွတ်၍ အားကောင်းပြီး  အမေရိကန်သမိုင်းတွင်  အဆိုးဆုံး နှင့် အရည်အချင်းမရှိဆုံး သမ္မတကို ဆန့်ကျင်ကြောင်း ထရမ့်က     လူမှုမီဒီယာတွင်    ရေးသားခဲ့သည်။ ကြီးမြတ်သောအမေရိကန်    တစ်ဖန်ဖြစ်လာစေရေး မဲဆန္ဒရှင်များကို ၎င်းက တိုက်တွန်းခဲ့သည်။


အင်န်အိတ်ချ်ကေ