
ကိုလံဘို နိုဝင်ဘာ ၅
သီရိလင်္ကာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဝင်ငွေသည် ယခုနှစ် ပထမ ၁၀ လအတွင်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့ ကြောင်း ဗဟိုဘဏ်က နောက်ဆုံး ထုတ်ပြန်သော အချက်အလက် အရ သိရသည်။
အောက်တိုဘာလ၌ လစဉ် ခရီးသွားဝင်ငွေသည် အမေရိကန် ဒေါ်လာ ၇၅ ဒသမ ၆ သန်း ရှိကြောင်း ထိုအချက်အလက် တွင် ဖော်ပြထားသည်။ သီရိ လင်္ကာနိုင်ငံ၏ တရားဝင်အရန် ငွေမှာ အောက်တိုဘာလကုန်တွင် ၁ ဒသမ ၇ ဘီလီယံရှိပြီး စက်တင် ဘာလကထက် အနည်းငယ် ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
သီရိလင်္ကာ နိုင်ငံသို့ အောက်တိုဘာလတွင် နိုင်ငံ တကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု ၄၂၀၀၀ ကျော် ရှိသည့်အတွက် ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု စုစုပေါင်းမှာ ၅၆၈၀၀၀ ကျော် အထိ ရှိလာပြီဖြစ်ကြောင်း ခရီး သွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ဖော်ပြသော ကိန်းဂဏန်းအချက် အလက်များအရ သိရသည်။
ဆင်ဟွာ