
ရန်ကုန် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဇန်နဝါရီလအတွက် စျေးကွက်၌ရောင်းချရန်သင့်တင့်မျှတသော ဆန်စျေးနှုန်းအဖြစ် သတ်မှတ်ချက်ထုတ်ပြန်ရာ၌ ၁၀၈ ပေါင် (၂၄ ပြည်) ဆန်တစ်အိတ် ရွှေဘိုပေါ်ဆန်း ၁၀-၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀၀ဝ မှ ၁၃၅၀၀ဝ အတွင်း သတ်မှတ်ကြောင်း ဖော်ပြထားသည်။
ထို့အတူ ယခုလတွင် (၁ဝ၈)ပေါင် (၂၄ ပြည်) ဧည့်မထအုပ်စုဖြစ်သည့် (၂၅) မှတ် ဆန် တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀ မှ ၇၂၀၀၀ အတွင်း၊ ဧည့်မထအုပ်စု (၁၅) မှတ် ဆန် တစ်အိတ်လျှင် ငွေကျပ် ၇၂ဝဝဝ မှ ၇၅ဝဝဝ အတွင်းနှင့် ဧည့်မထအုပ်စု (၁ဝ-၅) မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် ၇၅ဝဝဝ မှ ၇၈ဝဝဝ အတွင်း ရောင်းချရန် သတ်မှတ်ထား ကြောင်း သိရသည်။
အလားတူ ရက် ၉ဝ၊ ပခန်း၊ အညာသားနှင့် အထူးဧည့်မထအုပ်စု (၁ဝ-၅)မှတ် တစ်အိတ်ကို ငွေကျပ် ၈၀၀၀၀ မှ ၈၅၀၀၀ အတွင်း၊ ဧရာမင်း၊ ဧရာပဒေသာ (၁ဝ-၅) မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် ၉၅ဝဝဝ မှ ၁၀၀၀၀၀ အတွင်း၊ ဧရာ ဝတီပေါ်ဆန်းများ (၁ဝ-၅)မှတ် ဆန်တစ်အိတ် လျှင် ငွေကျပ် ၁၀ဝဝဝဝ မှ ၁၁ဝဝဝဝ အတွင်း ရောင်းချရန် MRF က သတ်မှတ်ထားသည်။
အခြားပေါ်ဆန်းများ (၁၀-၅) မှတ် ဆန် တစ်အိတ်လျှင် ငွေကျပ် ၉၀၀၀၀ မှ ၁၀၀၀၀၀ အတွင်း၊ ဧရာဝတီကြားပျံ(ဘေးကြား/တောင်ပျံ) (၁၀-၅)မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ မှ ၁၁၅၀၀၀ အတွင်း ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၏ အသင်း ဝင်များ၊ ပြည်ပတင်ပို့သည့် Exporter များ၊ ဆန်စပါးကုမ္ပဏီများမှ လိုက်နာဆောင်ရွက် ရန်နှင့် စျေးကွက်အတွင်း ရောင်းချမှုများ တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ကွာဟမှုရှိနိုင်ကြောင်း၊ Super Market များ၊ Mini Mart များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် စျေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ကွာဟမှုရှိနိုင်ကြောင်းလည်း ပါရှိသည်။
၂၀၂၃ မိုးစပါးမှ ထွက်ရှိသော ဆန်အသစ် များအတွက်ဖြစ်ကြောင်းနှင့် ဝယ်ယူရန် အခက် အခဲရှိပါက အသင်းချုပ်ရုံးနှင့် ကုန်စည်ဒိုင်များ သို့ ဆက်သွယ်ညှိနှိုင်း ဝယ်ယူနိုင်ကြောင်း လည်း MRF က အသိပေးထားသည်။
MT