
နယူးယောက် အောက်တိုဘာ ၅
ဘီလျံနာသူဌေးကြီး အီလွန် မက်စ်သည် ဆိုရှယ်နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် တွစ်တာကို ယခင်သဘာတူထားသည့်ဈေးနှုန်း ဖြစ်သည့် ၄၄ ဘီလီယံ ဒေါ်လာ ဖြင့် ဝယ်ယူမည်ဟု ပြောကြားခဲ့ သည်။
အီလွန်မက်စ်နှင့် တွစ်တာတို့ သည် ဧပြီလအတွင်း စည်းကမ်း သတ်မှတ်ချက်များအတိုင်း လုပ် ဆောင်ခဲ့ပြီး အစုရှယ်ယာတစ်စု လျှင် ၅၄ ဒသမ ၂၀ ဒေါ်လာ ရင်းနှီးမြှုပ်နှံသူများကို ပေးရန် ရည်ရွယ်ခဲ့သည်။
သို့သော်လည်း ဇူလိုင်လ အတွင်း တက်စ်လာကုမ္ပဏီမှ စီအီးအိုဖြစ်သူ အီလွန်မက်စ်သည် ယင်းသဘောတူညီချက်မှ သွေဖည် သွားရန် တစ်ဖက်သတ်ကြေညာခဲ့ သည်။ တွစ်တာကုမ္ပဏီမှ ရှယ်ယာ များ ရုတ်တရက်ထိုးကျသွားသည့် အတွက် ယင်းသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တွစ်တာ၏ ဈေးကွက် တန်ဖိုးမှာ အကောင့်တုများအပေါ် တွင် တစ်စိတ်တစ်ပိုင်း မှီခိုနေပြီး အမှန်တကယ် ကိန်းဂဏန်းတန်ဖိုး မှာလည်း ကုမ္ပဏီမှ တင်ပြထား သည်ထက်ပို၍ များပြားကြောင်း အီလွန်မက်စ်က ပြောသည်။
အဆိုပါပြောဆိုချက်နှင့် ပတ် သက်ပြီး အီလွန်မက်စ်ဘက်မှ အချက်အလက်များ သက်သေ ပြနိုင်ခြင်း မရှိချေ။ ရလဒ်အနေ ဖြင့် မူလကမ်းလှမ်းထားမှုအတိုင်း သာ ပေးချေသွားရန် တွစ်တာက မက်စ်ကို တရားစွဲဆိုခဲ့သည်။
အီလွန်မက်စ်သည် မူလက သဘောတူထားသည့် ဈေးနှုန်း အတိုင်း ဝယ်ယူသွားရန် တွစ်တာ ကုမ္ပဏီထံ စာရေးသားခဲ့သည် ဟု အမေရိကန်မီဒီယာများက အောက်တိုဘာ ၄ ရက်က ဖော်ပြခဲ့ ကြသည်။ တွစ်တာကုမ္ပဏီဘက် မှလည်း အီလွန်မက်စ်အဖွဲ့ထံမှ စာလက်ခံရရှိခဲ့သည်ဟု အတည် ပြုခဲ့သည်။
အင်န်အိတ်ချ်ကေ