
ဝါရှင်တန် ဇန်နဝါရီ ၁၃
အမေရိကန် စစ်တပ်သည် ရေကြောင်းသွားလာရေးသင်္ဘော များအား အဖွဲ့၏ တိုက်ခိုက်နိုင်စွမ်း လျော့နည်း သွားစေရန်အတွက် ယီမင်ရှိ ဟူသီရေဒါစခန်း တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
အမေရိကန် တပ်ဖွဲ့ဝင်များ သည် ဇန်နဝါရီ ၁၃ ရက်က ယီမင် စံတော်ချိန် နံနက် ၃ နာရီ ၄၅ မိနစ် တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ထို့အပြင် အဆိုပါထုတ်ပြန် ချက်၌ ထိုတိုက်ခိုက်မှုကို တိုမာ ဟော့ခ်ခရုဇ်ဒုံးကျည် အသုံးပြု၍ USS Carney စစ်သင်္ဘောက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။
USS Carney သင်္ဘောကို ပင်လယ်နီတွင် ဖြန့်ကြက်ထား ကြောင်း သိရသည်။ ယခုဒုံးကျည် ပစ်ခတ်တိုက်ခိုက်မှုသည် သောကြာ နေ့က ဟူသီပစ်မှတ်အများအပြား ကို ဗြိတိန်တပ်ဖွဲ့နှင့် ပူးတွဲ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ တိုက်ခိုက်မှု ဖြစ်ကြောင်းလည်း သိရသည်။
အင်န်အိတ်ချ်ကေ