ယီမင်နှင့် ဆော်ဒီအာရေဗျ၌ အရပ်သားများ နေထိုင်ရာဒေသများကို ပစ်မှတ်ထားတိုက်ခိုက်မှုအား ကုလရှုတ်ချ လူဦးရေပေါင်း ၂၃ သန်းကျော် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါထူပြောမှုနှင့် ရင်ဆိုင်နေရ

 

ဂျီနီဗာ   မတ်   ၂၇


မတ် ၂၆ ရက်တွင် ဆော်ဒီအာရေဗျနှင့် ယီမင်နိုင်ငံတို့မှ အရပ်သားများကိုပစ်မှတ် ထားတိုက်ခိုက်မှုအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ် က  ရှုတ်ချပြောဆိုခဲ့သည်။
ဟူဒေးဒါးမြို့နှင့် ဟူဒေးဒါးဆိပ်ကမ်း တို့ကို   ပစ်မှတ်ထားကာ  လေကြောင်း တိုက်ခိုက်မှုများပြုလုပ်မည်ကို စိုးရိမ်မိ သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်က ပြောသည်။ 

 


ဟူဒေးဒါးဆိပ်ကမ်းမှာ  ယီမင်ပြည်သူ များအတွက်      လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ    အကူအညီများ ပေးရန် အသက်သွေးကြောဖြစ်သည်ဟု ကုလသမဂ္ဂ  အထွေထွေအတွင်းရေးမှူး ချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင် ဒူဂျာရစ်က ပြောသည်။ 
ယီမင်နိုင်ငံတွင်  လူဦးရေ  ၂၃  သန်း ကျော်မှာ  ငတ်မွတ်ခေါင်းပါးမှု၊  ရောဂါ ထူပြောမှုနှင့်    အခြားသော   အသက် အန္တရာယ်     ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။

 


တိုင်းပြည်၏   အခြေခံလိုအပ်ချက် များနှင့် စီးပွားရေးမှာလည်း ပျက်သုဉ်း နေသည်ဟု       ကုလသမဂ္ဂလူသားချင်း      စာနာထောက်ထားမှုဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေးရုံးက ပြောသည်။ 

 


ယီမင်နိုင်ငံရှိ ဟူသီသူပုန်များသည် လည်း  ဆော်ဒီအာရေဗျရှိ  အရပ်ဘက် နှင့်  စွမ်းအင်ဆိုင်ရာ    အဆောက်အအုံ များကို မတ် ၂၅ ရက်က ပစ်မှတ်ထားကာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ 


ဆင်ဟွာ