
ဆာနား ဧပြီ ၂၀
ယီမင်နိုင်ငံမြို့တော် ဆာနား တွင် ဧပြီ ၁၉ ရက်က လူအုပ်ပိမှု ဖြစ်ပွားရာ ၇၈ ဦးထက်မနည်း သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရ သည်။
ကုန်သည်များက စာသင် ကျောင်း တစ်ကျောင်းအတွင်း ရာမာဒန်လအလှူအဖြစ် ငွေကြေး များ လှူဒါန်းမှုပြုလုပ်စဉ် လူအုပ် ပိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကုန်သည်များဦးစီး၍ ငွေကြေး လှူဒါန်းမှု ပြုလုပ်မည်ဖြစ်သည့် အတွက် ရာပေါင်းများစွာသောဆင်းရဲသားများ စုဝေးရောက် ရှိလာခဲ့ကြသည်။ ဒေသတွင်း ရုပ်သံတစ်ခုတွင် ဖော်ပြထား သည့် ဗီဒီယိုဖိုင်၌ လူများ ပြည့်ကျပ်နေပြီး လှုပ်ရှားမရ အောင်ဖြစ်နေသည်ကို တွေ့မြင် ခဲ့ရသည်။ ယီမင်နိုင်ငံသည် ရှစ်နှစ်ကြာပြည်တွင်း စစ်ကြောင့် စိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်း များ ရပ်တန့်ခဲ့ရသည်။
ယီမင်နိုင်ငံ၌ အစားအစာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည့် အတွက် လူဦးရေအများစုမှာ အကူအညီ အထောက်အပံ့များ လိုအပ်လျက်ရှိသည်။ အကြမ်းဖျင်း အားဖြင့် ယီမင်နိုင်ငံ လူဦးရေ ၁၇ သန်းမှာ အစားအသောက် လုံခြုံစိတ်ချရမှု မရှိခြင်းနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီ အစဉ်က ဖေဖော်ဝါရီလအစီရင် ခံစာတွင် ဖော်ပြထားသည်။
လူပေါင်း ၂၁ သန်းကျော် နိုင်ငံ အတွင်း လူဦးရေ၏ သုံးပုံနှစ်ပုံ နီးပါးမှာ ကူညီထောက်ပံ့မှု နှင့် အကာအကွယ်ပေးမှုများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ရုံး၏ဖော်ပြချက်အရ သိရ သည်။
အင်န်အိတ်ချ်ကေ