ယီမင်နိုင်ငံ ဆာနားမြို့ဟောင်း၌ မိုးသည်းထန်စွာရွာသွန်း ကမ္ဘာ့အမွေအနှစ် အဆောက်အအုံငါးလုံး အပါအဝင် နေရာ ၄၀ ပျက်စီး

 

ဆာနား   ဩဂုတ်     ၁၁


ယီမင်တွင် မိုးသည်းစွာရွာသွန်းမှု ကြောင့် အဆောက်အအုံ ငါးလုံး  ပျက်စီးခဲ့ပြီး ဆာနားမြို့ဟောင်း၏  ကမ္ဘာ့အမွေအနှစ်     နေရာ        ၄၀ ပျက်စီးခဲ့ကြောင်း ဟူသီရုပ်သံလိုင်း တစ်ခုက    ဩဂုတ်  ၁၁  ရက်တွင် ဖော်ပြခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိသားစုဝင်များ နေထိုင်သော       သီးသန့််အဆောက် အအုံဖြစ်သည့် သမိုင်းဝင်မျှော်စင် အဆောက်အအုံအတွင်း သေဆုံး သူ မရှိကြောင်း သိရသည်။

 


အဖြူရောင်အင်္ဂတေနှင့်  မှန် ရောင်ခြယ်   ပြတင်းပေါက်များ၊ ဂျီဩမေတြီပုံစံများဖြင့် အလှဆင် ထားသည့်   ရွှံ့အုတ်မျှော်စင်အိမ်  ၆၀၀၀  ကျော်ကို ၁၁ ရာစုမတိုင်မီ က       တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း   သိရသည်။    နှစ်ပေါင်း ၂၅၀၀     ကျော်   တည်ရှိခဲ့သည့် ဆာနားမြို့ဟောင်းကို ကုလသမဂ္ဂ ပညာရေး၊  သိပ္ပံနှင့်  ယဉ်ကျေးမှု အဖွဲ့က ၁၉၈၆  ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းခဲ့ကြောင်း၊ ပြည်တွင်း စစ်ဖြစ်ပွားပြီးနောက် ၂၀၁၅ ခုနှစ် တွင် အန္တရာယ်ရှိသည့် ကမ္ဘာ့အမွေ အနှစ်စာရင်းအဖြစ်သို့ ထည့်သွင်း ခဲ့ကြောင်း သိရသည်။ 


ဆင်ဟွာ