ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွအုပ်စု ပင်လယ်နီရှိ အမေရိကန်စစ်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

 

ဝါရှင်တန်  မတ်   ၆

ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွအုပ်စုသည် မတ် ၅ ရက်တွင် ပင်လယ်နီရှိ အမေရိကန်စစ်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 


ဟူသီစစ်သွေးကြွအုပ်စုသည်   အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်နှင့်   စည်းလုံးညီညွတ်ကြောင်း  ပြသကာ နိုဝင်ဘာလနောက်ပိုင်းတွင်  ပင်လယ်နီ၌  ဖြတ်သန်း ခုတ်မောင်းသော  ကုန်တင်သင်္ဘောများကို  အကြိမ် ကြိမ် တိုက်ခိုက်လျက်ရှိသည်။ 
ယခုလတွင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြှုပ်ခံခဲ့ ရပြီး  အမေရိကန်နှင့်ဗြိတိန်တို့၏ ရေတပ်သင်္ဘောများ လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


စစ်သွေးကြွများသည်    အမေရိကန်ဖျက်သင်္ဘော နှစ်စင်းကို         ပစ်မှတ်ထားကာ     တိုက်ခိုက်မှု လုပ်ဆောင်ခြင်းဖြစ်ကြောင်း    မတ်  ၅  ရက်တွင် ဟူသီပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူမှုကွန်ရက်ပေါ် တွင် တင်ခဲ့သည်။ 


သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်တစ်စင်းနှင့် ဒရုန်း သုံးစင်းကို     USS  Carney    ဖျက်သင်္ဘောရှိရာသို့ ပစ်လွှတ်ခဲ့ကြောင်း၊  သို့သော်လည်း  အားလုံးကိုပစ်ချ နိုင်ခဲ့ကြောင်း အမေရိကန်ဗဟိုဌာနချုပ်က မတ် ၅ ရက်တွင် ပြောသည်။ 


သင်္ဘောပျက်စီးထိခိုက်မှုမရှိကြောင်း၊ ဒုံးကျည် နှင့်    ဒရုန်းများသည်   ဟူသီထိန်းချုပ်သောဒေသမှ   ပစ်လွှတ်ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုဌာနချုပ် က ပြောသည်။                      

အင်န်အိတ်ချ်ကေ