YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ငွေပေးချေကတ် Yangon Payment Service(YPS) စနစ် အသုံးပြုပြီး ခရီးအကွာအဝေးအလိုက် ယာဉ်စီးခများကောက်ခံသွားမည်

 

ရန်ကုန်    ဖေဖော်ဝါရီ     ၂၆


YBS ခရီးသည်တင်ယာဉ်များစီးနင်းပြီး ရန်ကုန်မြို့တွင်း ခရီးသွား လာနေကြသည့် ခရီးသွားပြည်သူများအနေဖြင့် ယာဉ်စီးခပေးချေရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် Yangon Payment Service (YPS) ကတ်စနစ် အသုံးပြုပြီး ခရီးအကွာအဝေးအလိုက် ယာဉ်စီးခပေးချေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

 


“ အခုလတ်တလော   ခရီးသွားပြည်သူတွေပြောနေကြတဲ့  YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ပုံသေယာဉ်စီးခ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ် မရှိပါဘူး။ တရားဝင်ခွင့်ပြုထားတာလည်း မရှိပါဘူး။ အရင် ကတည်းက   ခရီးအကွာအဝေးအလိုက်  နှစ်ရာ၊  နှစ်ရာအပိုင်းလိုက် သွားနေတဲ့ယာဉ်တွေ   ရှိပါတယ်။  အခုလက်ရှိမှာ  Yangon Payment Service (YPS) ကတ်စနစ်   အသုံးပြုပြီး (Distance Pay)ခရီး အကွာအဝေးအလိုက် ကောက်ခံ တဲ့စနစ်ကို စီစဉ်ဆောင်ရွက်နေပါ တယ်။ယာဉ်စီးခ တိုးမြှင့်ကောက်ခံ ဖို့ ဒီ YPS  ကတ်စနစ်ကို  ဆောင် ရွက်တာ  မဟုတ်ပါဘူး။  အရင် ကတည်းက ငါးရာ၊ တစ်ထောင် ကောက်တဲ့ယာဉ်တွေကို အရေးယူ ဆောင်ရွက်တာတွေ ရှိပါတယ်။ CNG သုံးလပိတ်တာတို့၊ ခြောက်လ ပိတ်တာတို့၊ တစ်နှစ်ပိတ်တာတို့၊ လုပ်ငန်းလိုင်စင်တစ်နှစ် ပိတ်တာ တို့ အရေးယူဆောင်ရွက်တာတွေ ရှိပါတယ်။ အရင်ကတည်းက ခရီး အကွာအဝေးအလိုက် (Distance Pay)အနေနဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ   ယာဉ်စီးခ လေးရာကျပ်အထိ ကောက်ခံထား မှုတွေ ရှိပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး    ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

 


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိ က သယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီ   (YRTC)  အနေဖြင့် YBS    ခရီးသည်တင်ယာဉ်လိုင်း များတွင်      ယာဉ်စီးခတိုးမြှင့် ကောက်ခံမှုအား     ၂၀၂၁  ခုနှစ် နိုဝင်ဘာလမှစ၍  အရေးယူဆောင် ရွက်မှုများရှိခဲ့ရာ ယနေ့အထိ YBS ခရီးသည်တင်ယာဉ် အစီးရေ ၅၂၄ စီးကို   ထိရောက်စွာ   အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊   ခရီး သွားပြည်သူများအနေဖြင့်   ခရီး အကွာအဝေးအလိုက်   ယာဉ်စီးခ ပေးချေနိုင်ရေး     အတွက်လည်း သက်ဆိုင်ရာ      ယာဉ်များတွင် အသိပေး    ကြေညာထားမှုများ ရှိကြောင်း၊ ယခုအခါ YBS ခရီး သည်တင်    ယာဉ်လိုင်းများတွင် ငွေပေးချေကတ် Yangon Pay-ment Service (YPS)စနစ်ကို အသုံးပြုပြီး    ခရီးအကွာအဝေး အလိုက် ငွေကောက်ခံသည့်စနစ်ကို တွင်ကျယ်စွာ ပြန်လည်အသုံးပြု နိုင်ရန်   သက်ဆိုင်ရာ  ယာဉ်လိုင်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ ငွေပေးချေကတ် Yangon   Payment   Service (YPS)စနစ်ကို ရန်ကုန်တိုင်းဒေသ ကြီး  ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ(YRTC)နှင့် Asia  Starmar  Transport Intelligent  Company Limited တို့ ပူးပေါင်းပြီး မြို့တွင်းခရီးစဉ် ပြေးဆွဲပေးနေသည့် YBS ခရီး သည်တင်ယာဉ်လိုင်း    ကုမ္ပဏီ ငါးခုဖြစ်သည့့်  Yangon  Urban Public Transportation Public Company Limited(YUPT) ၊ Yangon Bus Public Company Limited(YBPC)၊ Golden Yangon City Transportation Public Company   Limited  (GYCT)၊ ဗန္ဓုလ     သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ လူထုမိတ်ဆွေ အများပိုင်      ကုမ္ပဏီလီမိတက် စသည့်   ကုမ္ပဏီငါးခုတွင်ရှိသည့် YBS ခရီးသည်တင် ယာဉ်အစီးရေ ၁၉၄ စီးမှာ ဒုတိယအကျော့အနေ ဖြင့် ပြန်လည်စတင် ဆောင်ရွက် ခဲ့ရာ ယခုအခါ ငွေပေးချေကတ် Yangon  Payment   Service (YPS) ကတ်စနစ်   အသုံးပြုပြီး ရန်ကုန်မြို့တွင်း ခရီးသွားလာမှုမှာ အရင်ကထက် ပိုမိုများပြားလာခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

 


“အရင်တုန်းက YBS ဘတ်စ် ကားတွေမှာ  ဘယ်စီးစီး  တစ်ရာ ကျပ်၊  နှစ်ရာကျပ်၊  သုံးရာကျပ် ဆိုပြီး ကားတွေရှိတယ်။ ဥပမာ ပြောရရင် နှစ်ရာကားက အရင် တုန်းကဆို တစ်မှတ်တိုင်စီးလည်း နှစ်ရာကျပ်ပဲ။ ခရီးစဉ်အစအဆုံး စီးလည်း နှစ်ရာကျပ်ပဲ။ ဒီအတွက် တစ်မှတ်တိုင်၊  နှစ်မှတ်တိုင်စီးတဲ့ ခရီးသည်အတွက်    မတန်ဘူး။ အခု   ခရီးအကွာအဝေးအလိုက် ကောက်ခံတဲ့စနစ်ကျတော့ ခရီးတို သွားတဲ့   ခရီးသည်တွေအတွက် တန်ပေမဲ့ ခရီးစဉ်အစအဆုံးစီးတဲ့ လူအတွက် ယာဉ်စီးခက နှစ်ဆ တက်သလို       ဖြစ်သွားတော့ အခက်အခဲရှိပါတယ်။ ကတ်စနစ် လုပ်မယ်ဆိုလည်း    ဒီကတ်က ကားလာမှ  စီးလို့ရတာဆိုတော့ ယာဉ်တွေကို       လုံလုံလောက် လောက်   ပြေးဆွဲပေးစေချင်ပါ တယ်”ဟု     မှော်ဘီမြို့နယ်မှ အလုံမြို့နယ်သို့   နေ့စဉ်   အလုပ် ဆင်းနေရသူတစ်ဦးက ပြောသည်။

 


Yangon Payment Service (YPS)ကတ်များကို (YPS)အမှတ် တံဆိပ်ရှိသော G & G စတိုးဆိုင် များနှင့်  Yangon  Payment Service (YPS)ကတ် အရောင်း စင်တာများတွင် ခရီးသွားပြည်သူ များ လွယ်လင့်တကူ ဝယ်ယူရရှိ နိုင်ပြီး   ကတ်စျေးနှုန်းမှာလည်း တစ်ကတ်လျှင် ငွေကျပ် ၂၀၀၀  သတ်မှတ်ထားကာ    အနည်းဆုံး ငွေကျပ် ၁၀၀၀ မှ အများဆုံး ငွေကျပ် ၃၀၀၀ အထိ ထည့်သွင်း နိုင်ပြီး အထူးအစီအစဉ်အနေဖြင့် ကတ်အသုံးပြုသူများ   လွယ်ကူ သက်သာ စိတ်ချမ်းသာစွာ အသုံး ပြုနိုင်ရန်အတွက် ကနဦးငွေကျပ် ၃၀၀၀ စတင် ဖြည့်သွင်းသည်နှင့် တစ်ပြိုင်နက်   ကတ်ကို  အခမဲ့ ထုတ်ပေးသွားမည်   ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး   ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ သိရသည်။ 


သတင်းနှင့်ဓာတ်ပုံ
နိုင်လင်းအောင်(တာမွေ)