
နေပြည်တော် မတ် ၃၁
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကာ နိုင်ငံတကာမှ ခရီးသည်များ အဓိက ဝင်/ ထွက် ပေါက်ဖြစ်သည့် နိုင်ငံတကာ ဆိုက်ရောက် (International Arrival) အဆောက်အဦနှင့် ပြည်တွင်းဆိုက်ရောက် (Dome-stic Arrival) အဆောက်အဦ အတွင်း ဝန်ကြီးဌာနမှ ခရီးသွား ဧည့်သည်များအတွက် ဖွင့်လှစ် ထားသော သတင်းနှင့်ပြန်ကြား ရေးကောင်တာ (Tourist Information Counter) များကို စစ်ဆေးကြည့်ရှုသည်။
ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲ တာဝန်ခံ ညွှန်ကြားရေးမှူးက သတင်းနှင့် ပြန်ကြားရေးကောင်တာ များ (Tourist Information Counter) ဖွင့်လှစ်ထားရှိမှုနှင့် နိုင်ငံခြားသားခရီးသည် ဝင်ရောက် လာချိန်တွင် အသင့်ဖြစ်နေစေရန် အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်- ၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုများ ကြောင့် ယာယီပိတ်ထားခဲ့သော နိုင်ငံတကာလေကြောင်းလိုင်းများ အား ဧပြီ ၁၇ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ရာ ခရီးသွား ဧည့်သည်များအတွက် လိုအပ်သော သတင်းအချက် အလက်များ ပြည့်ပြည့်စုံစုံပြန်ကြား ပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးတို့ အတွက် အထူးဂရုပြုပြင်ဆင်ဆောင် ရွက်ထားရှိကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နိုင်ငံတကာ ဆိုက်ရောက် အဆောက်အဦရှိ လူဝင်မှုကြီးကြပ်ရေး ကောင်တာ များ (Immigration Counter) မှ တာဝန်ရှိသူများ၊ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်လေဆိပ်တာဝန်ကျ တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး နိုင်ငံတကာ ဧည့်သည်များ ဝင်ရောက်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြ ရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပြည်တွင်းဆိုက်ရောက် အဆောက်အဦအတွင်း ဖွင့်လှစ် ထားရှိသည့် သတင်းနှင့်ပြန်ကြား ရေးကောင်တာ (Tourist Infor-mation Counter) ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်