
ပုသိမ် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ တိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ကြပ်မတ်ဆောင်ရွက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က ယာဉ်တိုက်မှု၊ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုနှုန်းများ လျော့နည်း ကျဆင်းလာစေရေး အတွက် ကြပ်မတ် ဆောင်ရွက်လျက်ရှိ သော်လည်း သိသာစွာ လျော့နည်း မှုမရှိသေးကြောင်း၊ အခြေခံ ပညာကျောင်းများနှင့် တက္ကသိုလ် ကောလိပ်များ ဖွင့်သည်နှင့် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်း များဆောင်ရွက်လျက်ရှိရာ လိုအပ် မှုများရှိနေကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် ကျေးလက် နေလူဦးရေ များသောကြောင့် ဆိုင်ကယ် အများဆုံး အသုံးပြု လျက်ရှိရာ ယာဉ်မတော်တဆမှု များ လျော့နည်းကျဆင်းရေး အတွက် ဆိုင်ကယ်စီးဦးထုပ်များ ကို စနစ်တကျ မေးသိုင်းကြိုး တပ်ဆင်အသုံးပြုစေခြင်း၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းလိုက် နာစေခြင်း၊ သုံးယောက် စီးနင်း မောင်းနှင်မှု မရှိစေရေးနှင့် အရက် သေစာသောက်စား၍ မောင်းနှင် မှုမရှိစေရေးတို့ကို စတင်ထွက်ခွာ သည်နှင့် ကျေးရွာများအလိုက် စနစ်တကျစစ်ဆေး ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း။
ပြည်သူများ ပူးပေါင်းပါဝင်
ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများ ကို သေချာစွာ စစ်ဆေးဖော်ထုတ် ပြီး အလားတူဖြစ်စဉ်များ ထပ်မံ ဖြစ်ပွားမှု မရှိစေရေး ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်း များ ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့ နည်းပပျောက်စေရေး ဆောင်ရွက် ရမည့် နည်းလမ်းများအတိုင်း တိတိ ကျကျ လိုက်နာဆောက်ရွက် ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းထိန်းသိမ်းရေး အဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ပတ်သက်၍ ယာဉ်တိုက်မှု ဖြစ်စဉ်များ ၅၀ ရာခိုင်နှုန်း လျော့ကျရေးအတွက် များများ အသိပညာပေး၊ စစ်ဆေးအရေးယူ သွားရန်လိုကြောင်း ပြောကြား သည်။
ပညာပေးဆောင်ရွက်
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေး မှူးနှင့် တွဲဖက်အတွင်းရေးမှူး တို့က ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ မေလအထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ယာဉ်မတော် တဆမှုကြောင့် ဒဏ်ရာရ၊ သေဆုံး မှု အခြေအနေများ၊ တိုင်းဒေသကြီး အတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေများ၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။ ယင်းနောက် ကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက အထွေထွေ တင်ပြဆွေးနွေးမှုများအပေါ် တိုင်း ဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)