ဝုဖ်အသင်းကို အကြိတ်အနယ်ကစားပြီး တစ်ဂိုး - ဂိုးမရှိဖြင့် နာမည်ကြီးမန်ယူ အနိုင်ရရှိ

 

ပရီမီယာလိဂ်ပွဲစဉ် (၁) မှ ဩဂုတ် ၁၅ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူနှင့် ဝုဖ်အသင်းတို့ပွဲစဉ်တွင် မန်ယူ အသင်းက    အကြိတ်အနယ်ကစားပြီး တစ်ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်ကို   အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး   ပွဲကြည့် ပရိသတ်  ၇၃၀၀၀ ကျော်   လာရောက် ကြည့်ရှုခဲ့သည်။ 
အဖွင့်ပွဲစဉ်       ဖြစ်သည်နှင့်အညီ နှစ်သင်းစလုံး       ကစားသမားအင်အား   အတောင့်တင်းဆုံးပုံစံဖြင့်     ပွဲထွက်လာခဲ့သည့်အတွက်   ပွဲစသည်နှင့် တစ်ပြိုင်နက်    ပြိုင်ဆိုင်မှုပြင်းထန်ကာ    အကြိတ်အနယ်ရှိခဲ့သည်။ ပြိုင်ဘက် ဝုဖ်အသင်းက  မန်ယူအသင်းထက် ကစားပုံ ပိုမိုကောင်းမွန် မှုရှိသော်လည်း အသင်းစွမ်းဆောင်ရည်ပိုင်း  လိုအပ်ချက်များစွာရှိနေ သည့်အတွက် ရှုံးပွဲနှင့်  ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်းက  ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်သာ  ရရှိခဲ့ပြီး  ပြိုင်ဘက် ဝုဖ်အသင်းက ၂၃ ကြိမ်အထိ ရရှိခဲ့သည်။ 
မန်ယူအသင်းအတွက်  တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် ဝမ်ဘစ်ဆာကာ၏ ဖန်တီးမှုမှ  ခံစစ်ကစားသမား ဗာရာနီက ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ အဆိုပါ သွင်းဂိုးသည်  မန်ယူအသင်း အတွက် သုံးဂိုးမြောက်သွင်းဂိုးကို  သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ လာမည့် ပွဲစဉ်အဖြစ် ဩဂုတ် ၁၉ ရက်တွင်  မန်ယူအသင်းက  အသင်းကြီး စပါး၊ ဝုဖ်အသင်းက ကစားရခက်ခဲသည့်  ဘရိုက်တန်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 


အောင်ဇော်