ဝါးတန်းဒိုင်သို့ တစ်လလျှင် ရွှေဘိုပေါ်ဆန်း အိတ်သုံးသိန်းခန့် ဝင်ရောက်ပြီး ဆန်ဈေးပြန်ကျနိုင် 

 

ရန်ကုန်   ဇူလိုင်  ၃၀


မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဝါးတန်းဒိုင်တွင် တစ်လလျှင် ရွှေဘိုပေါ်ဆန်းအိတ် သုံးသိန်းခန့်ဝင်ရောက်လျက်ရှိကြောင်းနှင့် ဆန်ဈေးပြန်ကျနိုင်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၉ ရက်က ပြောသည်။

 


“ဝါးတန်းဒိုင်မှာ  ရွှေဘိုပေါ်ဆန်းက မဝင်ဘူးဆိုတဲ့ လက သုံးသိန်းဝင်ပါတယ်။ ရွှေဘိုပေါ်ဆန်းရဲ့ လိုင်း အကျိုးဆောင်တွေက      လူ ၃၀   ရှိပါတယ်။ တစ်ယောက်ကို အနည်းဆုံး အိတ်တစ်သောင်းဝင်လို့  တစ်လကို သုံးသိန်းလောက်ဝင်ပါတယ်။   ရွှေဘို ပေါ်ဆန်းဟာ စျေးပြန်ကျလာလိမ့်မယ်။    လူတွေ ကလည်း အကုန်လုံးဝယ်ပြီးသားဖြစ်နေတဲ့အတွက် ဘာမှစိုးရိမ်စရာမရှိပါဘူး။ အခြားဆန်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။အရောင်းအဝယ်အေးပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဆီမှာ အလုံ အလောက်ရှိပါတယ်။   စားသုံးမှုဖူလုံပါတယ်။ ဒါ အခိုက်အတန့်လေးပဲ   ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်း ခေတ္တဥက္ကဋ္ဌ ဦးနေလင်းက ပြောသည်။

 


“လတ်တလော   ဆန်စျေးက    တက်ပြီးတော့ ပြန်တော့ငြိမ်သွားပါတယ်။ အခုလောလောဆယ်မှာ ဝယ်လိုအားကြောင့်တက်တာ မဟုတ်ပါဘူး။   ဈေးကစားသူတွေကြောင့်လည်းကောင်း၊   လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့်    သော်လည်း ကောင်း တစ်ခုခုကြောင့်    ဖြစ်သွားတာပါ။ စစ်ကိုင်း တိုင်းဟာ မြန်မာနိုင်ငံရဲ့တတိယစပါးကျီ ဖြစ်ပါတယ်။ ရွှေဘိုဆိုရင်လည်း စစ်ကိုင်းတိုင်းရဲ့ ပထမစပါးကျီ ဖြစ်ပါတယ်။  ဒီနှစ်၂၀၂၂ ခုနှစ်မှာ ရာသီဥတုအခြေအနေ က မိုးရွားသွန်းမှုကလည်းများပြီးတော့    ဆည်ရေက လည်း  ကောင်းပါတယ်။   ပြီးတော့   အခုနှစ်မှာ ရွှေဘိုပေါ်ဆန်းချည်းပဲ  ၃၅၄၇၈၅ ဧက စိုက်ပါတယ်။ ဧရာမင်း ၂၀၇၃၄၃ ဧကစိုက်ပါတယ်။ ရွှေသွယ်ရင်  ၅၈၇၇၇ ဧက     စိုက်ပါတယ်။     မနော်ဟရီက ၂၆၈၀၅ ဧက၊ အိုင်အာ ၇၄၇ က ၁၉၆၉၉ ဧက၊ မနော သုခက ၂၅၃၇ ဧကနဲ့   ဆင်းသုခက    ၁၈၇ ဧက စိုက်ပျိုးပြီးတော့ စုစုပေါင်းဧကပေါင်း ၆၇၀၁၃၃ ဧက စိုက်ပျိုးထားတာကို   တွေ့ရပါတယ်။    ၂၀၂၃ ခုနှစ် အတွက်ဆိုရင်လည်းအားလုံးက         စိုက်ပျိုးပြီး သလောက်ဖြစ်ပြီးတော့ ဒီဇင်ဘာလမှာ ရိတ်သိမ်းမှာ ဖြစ်တယ်”ဟု လက်ရှိ  စပါးစိုက်ပျိုးထားမှုအခြေ အနေကိုလည်း အသင်းဥက္ကဋ္ဌက ရှင်းပြသည်။
ဆန်စပါးထွက်ရှိမှု အခြေအနေအရလည်း  နှစ် အလိုက် စိုက်ပျိုးမှု၊   ထွက်ရှိမှုနှင့်    စားသုံးမှုမှာ လုံလောက်မှုရှိကြောင်း သိရသည်။

 


‘‘မြန်မာနိုင်ငံရဲ့စားသုံးမှုအနေအထားနဲ့ ရန်ကုန် မြို့ကြီးရဲ့  လူဦးရေအနေအထားနဲ့ဆိုရင်   လိုအပ်မှု သိပ်ရှိမှာ မဟုတ်ပါဘူး။ အခုဈေးတက်တာက ဝယ်လို အားများလို့လည်း မဟုတ်ဘူး။ ရောင်းလိုအားကြောင့် လည်း  မဟုတ်ဘူး။     လမ်းပန်းဆက်သွယ်ရေးမှာ ဒီဇယ်စျေးလေးတက်သွားတယ်။    အရင်က စပါး တစ်ရာကို    သယ်ယူခ    သုံးလေးသောင်းပေးရရင် အခုက ရှစ်သောင်း၊ ကိုးသောင်းပေးရတယ်။ မြေဆီ စျေးကြီးလာတယ်။ ကားခကလည်း နှစ်ဆလောက် ပိုပေးရတယ်။    အဘက်ဘက်က    နည်းနည်းလေး တက်လာတဲ့အတွက် ခါတိုင်းနှစ်ထက်စာရင်တော့ နည်းနည်းလေးတက်တယ်။ ဆန်ကပုံမှန်ဝင်ပါတယ်။ ကျွန်တော်တို့ဆီမှာ စားသုံးမှုအတွက် ဖူလုံပါတယ်။ ပြည်တွင်းမှာ လက်ကျန်တွေရှိပါတယ်။   ဘာမှ စိုးရိမ် ပူပန်စရာမရှိပါဘူး။     ရန်ကုန်မြို့အတွက်လည်း ပူစရာမရှိပါဘူး”ဟု အသင်းဥက္ကဋ္ဌက ဆက်ပြောသည်။

 


ဆန်ဈေးနှုန်းပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် လည်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊  မြန်မာနိုင်ငံ  ဆန်ကုန်များသည်အသင်း၊ မြန်မာနိုင်ငံ    ဆန်စက် ပိုင်ရှင်များအသင်းတို့ ပူးပေါင်း၍  တစ်ပြည်လုံး လွှမ်းခြုံပြီး ကုန်စည်ဒိုင်များ၏ ကုန်ဝင်မှုအနေအထား စောင့်ကြည့်ခြင်း၊ ကုန်စျေးနှုန်းအနေအထား စောင့် ကြည့်ခြင်းများ လုပ်ဆောင်နေကြောင်း   သိရသည်။
“တချို့ကျတော့လည်း  ဈေးနှုန်းဝင်ကစားတဲ့ သူတွေလည်းရှိတယ်။ ဈေးဝင်ဖျက်တာပေါ့။  ဒါကို လည်း စောင့်ကြည့်နေပါတယ်။

 

 ရွှေဘိုပေါ်ဆန်းက ပြန်ပြီးတော့   အကျဘက်ရောက်သွားပါပြီ။ အင်္ဂါနေ့ လောက်ကစပြီး နှစ်ထောင် သုံးထောင်ပြန်ကျသွား ပါပြီ။ ကျွန်တော်ထင်တယ်။ ဆက်ကျသွားပါမယ်။ ဘာလို့လဲဆိုတော့    ပစ္စည်းတွေက     ရှိပါတယ်။ အထွက်က ၂၉ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော် တို့ နိုင်ငံခြားပို့တာလည်းမရှိဘူး။ ပြည်တွင်းမှာပဲရှိပါ တယ်။ လာမယ့်နှစ်အတွက်လည်း ပူစရာမရှိဘူး။ အားလုံးစိုက်ပျိုးပြီးသွားပြီ။ ဖူလုံပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း      စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ    ဝယ်ယူနိုင်ရန် အတွက်     မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက   ရွေ့လျားဈေးကားများဖြင့်   ဆန်များ လှည့်လည်ရောင်းချပေးခြင်းကိုလည်း   ဆောင်ရွက် လျက်ရှိသည်။    

သတင်းဆောင်းပါး-အာကာလင်း