
နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ကို ဂုဏ်ပြုသောအား ဖြင့် နေပြည်တော်ကောင်စီနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်း၍ နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် နေပြည်တော် ကောင်စီရုံးတို့ရှိ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ သက်သာ ချောင်ချိရေးအတွက် ဖေဖေဝါရီ ၉ ရက်က သက်သာသောဈေးနှုန်း ဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချ ပေးသည်။
ထိုသို့ စားအုန်းဆီဖြန့်ဖြူး ရောင်းချပေးနေမှုကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေး ကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ နေပြည်တော် မြို့တော်ဝန် ဦးတင်ဦးလွင်က မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်သည်။
သတင်းစဉ်