
နေပြည်တော် ဧပြီ ၅
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေးကော်မတီ”၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြသည်။
ဆွေးနွေးညှိနှိုင်း
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရ မည့်ကိစ္စ ဖြစ်ပါကြောင်း၊ကော်မတီအနေဖြင့် ရေရှည် တည်တံ့ခိုင်မြဲသော အမျိုးသားပင်စင်စနစ် ဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန် ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့် ကိစ္စများ၊ ဥပဒေကြမ်းရေးဆွဲရေး၊ ရန်ပုံငွေစနစ် ကျင့်သုံးမည့် ပုံစံတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ် များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြရန်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည် ဖော်ရေးနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ကော်မတီဝင်များက လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။ ယင်းနောက် အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာ စကားပြောကြား သည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၁ ခုနှစ် မတ် ၂၄ အမိန့်ကြော်ငြာစာ အမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ် များလည်း ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍ ရေရှည်တည်တံ့ ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံ ငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်