
ပုသိမ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဌာန ဆိုင်ရာဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ဇွန် ၈ ရက်က မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး နောက် တက္ကသိုလ်အသီးသီးတွင် တက်ရောက် လျက်ရှိသော ကျောင်းသား ကျောင်းသူများ အား ဝန်ကြီးချုပ်က ပညာသင်ထောက်ပံ့ကြေး နှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်း များကိုလည်းကောင်း၊ အခြေခံပညာ အထက် တန်းအဆင့်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်ဆင့်တွင် တက်ရောက်လျက် ရှိသော ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက် အကူပြုပစ္စည်းများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီး များကလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)