
နေပြည်တော် နိုဝင်ဘာ ၂၅
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက် ကျရာကဏ္ဍမှ တာဝန် သိစိတ်ဖြင့် ဆောင်ရွက်နေကြ သည့် ဝန်ထမ်းများကို စိတ်လက် ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှု ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေး မြှင့်တင်မှု တစ်ခုအဖြစ် ပြန်ကြား ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံ ကျော်တေးသံရှင်များ၊ မြန်မာ့အသံ မှတေးသံရှင်များက နေပြည်တော် ရှိ ဝန်ကြီးဌာနများသို့ လှည့်လည် ဖျော်ဖြေလျက်ရှိသည်။
အဆိုပါဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းက စွမ်းအင်ဝန်ကြီး ဌာန ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲ တမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များသည် သရုပ်ဆောင်မိုးယံဇွန် နှင့် မြန်မာ့အသံမှ တေးသံရှင်များ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ဖျော်ဖြေပွဲတွင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင် မိုးယံဇွန်နှင့် မြန်မာ့အသံမှ တေးသံရှင်များ က မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်း များနှင့် မိသားစုဝင်များက ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ခေတ်ပေါ်တေးဂီတအဖွဲ့၊ မြန်မာ့ အသံမှ တေးသံရှင်များနှင့် သရုပ် ဆောင် မိုးယံဇွန်တို့အား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဖျော်ဖြေရေးအစီ အစဉ်ကို ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးသို့လည်း ဆက်လက်သွားရောက်ပြီး ဖျော် ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်