ဝန်ထမ်းများ ပျော်ရွှင်အပန်းပြေစေရန် လှည့်လည်ဖျော်ဖြေတင်ဆက်

 

နေပြည်တော်    နိုဝင်ဘာ   ၈


နိုင်ငံတော်အစိုးရ၏      ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက်   ကျရာကဏ္ဍမှ  တာဝန် သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို  စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့်   စိတ်ဓာတ်ပိုင်းဆိုင်ရာ   အားပေး မြှင့်တင်မှုတစ်ခုအဖြစ်   ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်    ရုပ်မြင်သံကြားမှ    ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ  နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ   တေးသံရှင်များက   နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။ 

 


ပျော်ရွှင်စွာကြည့်ရှုအားပေး


အဆိုပါဖျော်ဖြေပွဲကို   ယနေ့   ညနေပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတွင် ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့်  တာဝန်ရှိသူများသည် နိုင်ငံကျော်အဆိုတော်များနှင့်  မြန်မာ့အသံမှတေးသံရှင်များအား     ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ ကြည့်ရှုအားပေး ကြသည်။        

 

                       
ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့အသံ မှတေးသံရှင်များက မြန်မာသံစဉ်တေးသီချင်းများ၊  ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ကြရာ ပြည်ထောင်စုဝန်ကြီးက  ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့် မြန်မာ့အသံမှ တေးသံရှင်များအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


ဖျော်ဖြေတင်ဆက်


ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  အဉ္ဇလီအငြိမ့်အဖွဲ့မှ    ခေါင်းဆောင်     မင်းသမီး ယဉ်ယဉ်ဝေ၊ ရှေ့ထွက် မင်းသမီး ခိုင်သစ္စာ၊ လူရွှင် တော်    စောမင်းနောင်၊   ဇော်မင်းထွန်း၊   ဇင်ဝိုင်း၊ ကျော်မင်းစိုး၊   မျိုးကျော်သူနှင့်   စိုင်းစည်သူတို့က အငြိမ့်ကပြမှုဖြင့်လည်းကောင်း၊ နိုင်ငံကျော်အဆို တော် မြန်မာပြည်သိန်းတန်နှင့် အတူ မိုးယံဇွန်၊ဝေလျှံ၊  ဝင်းသပြေထွန်းနှင့် ပန်းသော်တာတို့က တေးသီချင်း များဖြင့်လည်းကောင်း   ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြပြီးနောက် တာဝန်ရှိသူများက အနုပညာရှင် များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ကျန်ဝန်ကြီး ဌာနများနှင့်       အဖွဲ့အစည်းအသီးသီးသို့လည်း ဆက်လက်သွားရောက်ပြီး ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။                        

သတင်းစဉ်