ဝန်ထမ်းကောင်းပီသစွာ အရောင်အသွေးကင်းပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိရန်နှင့် လိုအပ်သည့် ဝန်ဆောင်မှုများ အပြည့်အဝပေးနိုင်အောင် ကြိုးစားဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည်  နိုဝင်ဘာ ၁၃ ရက်   နံနက်ပိုင်းတွင် ပြန်ကြား ရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန             ဝေါမြို့နယ်ရုံးတွင်  လည်းကောင်း၊     မွန်းလွဲပိုင်းတွင်        ကျိုက်ထို၊   ဘီးလင်းမြို့နယ်ရုံးများ နှင့်         သထုံခရိုင်ရုံးတို့တွင်   လည်းကောင်း   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး    ဦးစီးဌာန ခရိုင်ဦးစီးမှူးများနှင့်  မြို့နယ်ဦးစီး မှူးများ၊        ဝန်ထမ်းများအား တွေ့ဆုံ၍      လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။ 


ဒုတိယဝန်ကြီးသည်  ယနေ့ နံနက်ပိုင်းတွင်   သံဖြူဇရပ်မြို့ ထပ်ဆင့်လွှင့်စက်ရုံအား  ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် သံဖြူ ဇရပ်မြို့နယ်ရုံး၊  ရေးမြို့နယ်ရုံးနှင့် ညနေပိုင်းတွင်    ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးရုံးနှင့်  ထားဝယ်ထပ်ဆင့်လွှင့် စက်ရုံတို့တွင်     တိုင်းဒေသကြီး ဦးစီးမှူး၊  ခရိုင်ဦးစီးမှူး၊  မြို့နယ် ဦးစီးမှူးများနှင့်    ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ     စက်ရုံ တာဝန်ခံများအား        တွေ့ဆုံ၍   လိုအပ်သည်များ  မှာကြားသည်။ 


ဒုတိယဝန်ကြီးသည် ဝန်ထမ်း များနှင့် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာပြီ ဖြစ်၍ မိမိတို့ စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူလူထု နှင့်ထိ‌တွေ့၍ အသိပညာပေးခြင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ပြန်လည်  စတင်ဆောင်ရွက်ရန်၊ လူငယ်များ    အသိပညာတိုးတက် မြင့်မားရေး    သက်ဆိုင်ရာဌာနများ နှင့်      ပူးပေါင်းဆောင်ရွက်ရန်၊ ဝန်ထမ်းကောင်းပီသစွာ အရောင် အသွေးကင်းပြီး     နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့် သိရန်နှင့် လိုအပ်သည့်  ဝန်ဆောင် မှုများ  အပြည့်အဝပေးနိုင်အောင် ကြိုးစားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း လာသော်လည်း   အသိပညာပေး လုပ်ငန်းများကို  မလျှော့သေးဘဲ ဆက်လက်ဆောင်ရွက်ကြရန်၊ မိမိ တို့ကိုယ်တိုင်   အသိပညာဗဟု သုတ ရှာဖွေလေ့လာပြီး ပြည်သူ လူထုအား        ဖြန့်ဝေနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ရုံးအဆောက်အအုံများနှင့် စက်ရုံ၊ စက်ပစ္စည်းများ  လုံခြုံရေးဂရုပြု ရန်နှင့်   ထပ်ဆင့်လွှင့်  စက်ရုံစက် ပစ္စည်းများ မပျက်စီး၊ မပျောက်ဆုံး အောင် ထိန်းသိမ်းစောင့်ရှောက် ကြရန် မှာကြားသည်။  

 

 သတင်းစဉ်