ဝန်ထမ်းအားလုံးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပါတီနိုင်ငံရေးကင်းရှင်းစွာ ဆက်လက်ဆောင်ရွက်ကြစေလို

 

နေပြည်တော် ဒီဇင်ဘာ ၁


နိုင်ငံတော်အစိုးရ      ယန္တရား ကောင်းမွန်စွာ   လည်ပတ်နိုင်ရေး အတွက်  ကျရာကဏ္ဍမှ  တာဝန် သိစိတ်ဖြင့်   ဆောင်ရွက်နေကြ သော ဝန်ထမ်းများကို   မိသားစု သဖွယ် အသိအမှတ်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး      ဒေါက်တာ ပွင့်ဆန်း က အရာထမ်း၊ အမှုထမ်း များနှင့်    မိတ်ဆုံစားပွဲတွင်   ပြောကြားသည်။ 

 


ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြစေလို


ထို့ပြင် ပြည်ထောင်စုဝန်ကြီး က ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တာဝန်များကို     ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမှာ   အဆင့် အလိုက်     ဝန်ထမ်းအားလုံး၏ ပူးပေါင်း   ဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း၊   ဝန်ထမ်းအားလုံး အနေဖြင့်   ပေးအပ်ထားသော တာဝန်များကို  တတ်စွမ်းသမျှ ကြိုးစား    ဆောင်ရွက်ကြသည့် အတွက်   ကျေးဇူးတင်ရှိကြောင်း၊ ဝန်ထမ်းအားလုံးအနေဖြင့်   မိမိ တို့၏   လုပ်ငန်းတာဝန်များကို ညီညီညွတ်ညွတ်ဖြင့်   ပါတီနိုင်ငံ ရေးကင်းရှင်းစွာ   နိုင်ငံတော်နှင့် ပြည်သူ့အတွက်    ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း။

 


နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တာဝန်ကျရာ     ကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊   နည်းဥပဒေ၊   စည်းမျဉ်း စည်းကမ်း၊   လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်  ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန် တာဝန်ရှိကြောင်းနှင့်  ဝန်ထမ်းအချင်းချင်း    စည်းလုံး ညီညွတ်ကြရန်လိုကြောင်း  ပြော ကြားသည်။

 


ယင်းအရာထမ်း၊   အမှုထမ်း များနှင့်      ဂုဏ်ပြုနေ့လယ်စာ မိတ်ဆုံစားပွဲကို ယနေ့ ၁၁ နာရီခွဲ က အဆိုပါဝန်ကြီးဌာန၌ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး        မိတ်ဆုံစားပွဲ သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊  ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း/ အမှု ထမ်းများ     တက်ရောက်ကြပြီး ဂုဏ်ပြုနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကာ ဝန်ကြီးဌာနရှိ ဝါသနာရှင် တေးသရုပ်ဖော်အက အဖွဲ့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု ခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေး အပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်