ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ သိရှိလိုက်နာဆောင်ရွက်ရမည့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သင်တန်းဖွင့်လှစ်

 

နေပြည်တော်   ဩဂုတ်   ၄ 


ဝန်ကြီးဌာန၊     အဖွဲ့အစည်းများ သိရှိလိုက်နာ   ဆောင်ရွက်ရမည့် ရာထူး        တိုးမြှင့်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ  သင်တန်း ကို   ဩဂုတ်  ၂  ရက်တွင်  စက်မှု ဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 


သင်တန်းဖွင့်ပွဲသို့      စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊    ဒုတိယ ဝန်ကြီး       ဦးကိုကိုလွင်၊   ပြည် ထောင်စု ရာထူးဝန်အဖွဲ့ အမြဲတမ်း အတွင်းဝန်        ဦးခင်မောင်ဝင်း၊ စက်မှုဝန်ကြီးဌာနမှ   ညွှန်ကြား ရေးမှူးချုပ်များ၊        ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အထွေထွေ မန်နေဂျာများနှင့်       တာဝန်ရှိသူ များက  သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်ကြသည်။

 


အလေးထားဆောင်ရွက်


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက အရည်အသွေး          ပြည့်ဝသည့် ဝန်ထမ်းများ         ခန့်အပ်နိုင်ရေး၊ ရာထူး       တိုးမြှင့်ခန့်အပ်နိုင်ရေး အတွက် ရည်ရွယ်ပြီး ဝန်ကြီးဌာန အတွင်းရှိ အဆင့်မြင့်အရာရှိများ အနေဖြင့်       ရာထူးတိုးမြှင့်ရေး ကိစ္စရပ်များကို   နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ များ၊   လုပ်ထုံးလုပ်နည်းများနှင့် အညီ အရည်အချင်းစိစစ် ဆောင် ရွက်နိုင်စေရေးအတွက်    ယခု သင်တန်းကို    ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊   နိုင်ငံ့ဝန်ထမ်း   နည်း ဥပဒေပါ ရာထူးတိုးမြှင့်ရေးဆိုင်ရာ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို    သိရှိမှသာ   မှန်ကန်စွာ အကဲဖြတ်        ပေးနိုင်မည်ဖြစ် ကြောင်း၊ ဝန်ထမ်းများ၏ ရာထူး တိုးတက်ရေး      ကိစ္စရပ်များနှင့် ပတ်သက်၍ ဝန်ထမ်းများ နစ်နာမှု မရှိစေရေး    အလေးထားဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း ရေးရာကိစ္စရပ်များကို ကျောသား ရင်သားမခွဲခြားဘဲ      ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း မှာကြားသည်။

 


ပြန်လည်ရှင်းလင်း

ထို့နောက်    ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်း ဝန်    ဦးခင်မောင်ဝင်းက    ဒုတိယ ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေး မှူး၊   ညွှန်ကြားရေးမှူးမှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ်  အဆင့်သို့ ရာထူးတိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်း စဉ်များ၊ လက်ထောက်ညွှန်ကြား ရေးမှူး    အဆင့်နှင့်    အောက် ဝန်ထမ်းများကို ရာထူးတိုးမြှင့်ရေး လုပ်ငန်းစဉ်များ၊   ဦးစီးအရာရှိ အဆင့်သို့     ရာထူးတိုးမြှင့်ရေး လုပ်ငန်းစဉ်များကို     ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သည့်      သင်တန်းသားများ၏ မေးမြန်းမှုများကို        အမြဲတမ်း အတွင်းဝန်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

တက်ရောက်


အဆိုပါ သင်တန်းကို ဩဂုတ် ၂  ရက်မှ  ၄  ရက်အထိ  သုံးရက် ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး စက်မှု ဝန်ကြီးဌာနမှ အဆင့်မြင့်အရာ ထမ်း ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။          

    
   သတင်းစဉ်