
နေပြည်တော် ဧပြီ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ရုံး၏ (၉) နှစ်မြောက် နှစ်ပတ်လည် နေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
နှစ်ပတ်လည်နေ့ အခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့် နှင့် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ဆုရရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ “ပူးပေါင်းဆောင် ရွက်မှု အားကောင်းစေရမည် ဝန်ကြီးရုံးရဲ့ စွမ်းဆောင်ရည်” မှတ်တမ်းဗီဒီယိုကို ပြသသည်။
ချိတ်ဆက်ဆောင်ရွက်ရ
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ဝန်ကြီးဌာနသည် ဝန်ကြီး ဌာန၏ မူလတာဝန်များအပြင် ရုပ်ရှင်၊ ဂီတ၊ စာပေနှင့် သက်ဆိုင် သည့်ကဏ္ဍများ တိုးတက်ရေး အပါအဝင် နိုင်ငံတော်နှင့် သက်ဆိုင် သည့် ကဏ္ဍတိုင်းတွင် တက်တက် ကြွကြွ ပါဝင်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ဝန်ကြီးရုံးသည် ဝန်ကြီးဌာနအောက်ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သတင်းနှင့် စာနယ် ဇင်းလုပ်ငန်း ဟူသည့် ဌာနကြီး ၅ ခုကို ထိန်းညှိကွပ်ကဲပြီး အထက် ဌာနနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီး ရုံးသည် ဝန်ကြီးဌာန ပုံရိပ် ကောင်းမွန်အောင် ရှေ့မှဦးဆောင် တာဝန် ထမ်းဆောင်နေရသည့် အတွက် ဝန်ကြီးရုံးဝန်ထမ်းများ သည် အရည်အသွေး ထူးချွန် ထက်မြက်ပြီး အမှားအယွင်းမရှိ၊ အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းနေရမည် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာန လုပ်ငန်းများကို မှန်မှန်ကန်ကန် အောင်အောင် မြင်မြင်ဖြစ်စေရန်အတွက် Check, Recheck, Counter Check ဖြင့် စိစစ်ဆောင်ရွက်နေရမည် ဖြစ်ပါ ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရုံးလုပ်ငန်းများ စနစ်ကျ စေရန်၊ လုံခြုံမှုရှိစေရန် အမြဲဂရုပြု ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာန သည် နိုင်ငံတော်မီဒီယာဖြစ်သည့် အားလျော်စွာ မီဒီယာကဏ္ဍ အတွက် အားမာန်အပြည့် ဆောင် ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မီဒီယာအနေဖြင့် ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိ သည့် ကိစ္စရပ်များတွင် တချို့သူ များ၏ အစွန်းရောက် တွေးခေါ် လုပ်ဆောင်နေမှုများကို ပြည်သူ များ အမှန်အတိုင်း နားလည်သိရှိ စေရေး၊ ပြည်သူများ စိတ်ဓာတ် ပြိုကွဲစေရန် ရည်ရွယ်သည့် သတင်း တု၊ သတင်းမှားများကို တုံ့ပြန် ဆောင်ရွက်ရေးတို့ကိုလည်း ဆောင် ရွက်သွားရမည် ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်အတွက် ပို၍ကြိုးစားဆောင်ရွက်သွားကြ ရန်နှင့် စည်းစည်းလုံးလုံး၊ ညီညီ ညွတ်ညွတ်၊ ယုံကြည်မှုရှိရှိဖြင့် ရှေ့ဆက် ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မိမိတို့ သိရှိသည်များကို မိမိတို့ မိသားစု၊ ပတ်ဝန်းကျင်တွင် အသိ ပညာများ မျှဝေပေးကြရန်နှင့် ကောလာဟလများနှင့် သတင်း တု၊ သတင်းမှားများကြောင့် စိုးရိမ် ပူပန်မှုမရှိစေရေး ဆွေးနွေးအသိ ပေးကြရန် ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းအောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်နေမှု များကို အသိအမှတ်ပြုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက် အနည်းဆုံးဖြစ်စေရန် ဆက်လက် ကြိုးပမ်းကြစေလိုပါ ကြောင်း၊ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်ရင်း ညီညီ ညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ပါက ပိုမိုတိုးတက် သည့် ဌာနတစ်ခုဖြစ်လာမည် ဟု ယုံကြည်ပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ကြီး ရုံးသည် ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းများကို စုစည်းဆောင်ရွက် ပေးရသည့် ဌာနတစ်ခုဖြစ်သည့် အတွက် လုပ်ဆောင်ရသည့် လုပ်ငန်းများ များပြားပါကြောင်း၊ များပြားလှသည့် တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြု ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက စံပြဆုရရှိသည့် မူဝါဒနှင့် ဥပဒေ လုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဦးစီး အရာရှိ ဦးခင်မောင်ထူးနှင့် ဌာန တွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေး ဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သီသီခိုင်တို့ကို ဂုဏ်ပြု ဆုများ ချီးမြှင့်ပြီး ဝန်ထမ်းများ အတွက် တူညီဝတ်စုံများ ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဌာနခွဲများအလိုက် ထူးချွန်ဆုရရှိကြသည့် အုပ်ချုပ် ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်စုသန္တာ၊ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေး ဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မြတ် မွန်၊ စီမံကိန်းနှင့် စာရင်းအင်း ဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင် ရေးမှူး ဦးရန်နိုင်ထွန်း၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဦးဝေလင်းအောင်၊ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းမြင့်နှင့် e-Government ဌာနခွဲမှ ဒုတိယ ဦးစီးမှူး ဒေါ်အေးမြတ်မြတ်မိုးတို့ကို ဆုများ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်း များအတွက် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက Basic Networking Course သင်တန်း တွင် ဒုတိယဆုရရှိသည့် မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေး နှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးခင်မောင်ထူး၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၆၇)(သေနတ် ပစ် ထူးချွန်ဆု) ရရှိသည့် ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့သင်းနှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကကြီးမှူး ကျင်းပသော မှတ်မိ စွဲထင်တရုတ်ခရီးစဉ် ဆောင်းပါး ဓာတ်ပုံပြိုင်ပွဲနှင့် ဗီဒီယိုအတိုပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေး နှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ကြည်ဖြူ တို့ကို ဆုများ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ ကြေးငွေများ ပေးအပ်သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန ဆိုင်ရာအကြီးအကဲများက ဝန်ထမ်း များကို ငွေသား ကံစမ်းမဲများ ဖောက်ပေးပြီး ထူးချွန်ဆုရရှိသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်