
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသော Vladimir Vladimirovich Putin ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သတင်းဖော်ပြ
နေပြည်တော် မတ် ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ် ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ Vladislav Andreevich Davankov က ၃ ဒသမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutsky က ၃ ဒသမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထိုသို့ အနိုင်ရရှိသွားသော Vladimir Vladimirovich Putin ထံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက် ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မီဒီယာများ ဖြစ်ကြသည့် TASS သတင်းဌာန၊ Izvestiya သတင်းဌာန၊ Moscow-24 သတင်းဌာန၊ Arguments and Facts သတင်းစာ၊ Kommersant သတင်းစာ၊ Krasnaya Vesna သတင်းအေဂျင်စီနှင့် Vedomosti အင်တာနက်သတင်းစာမျက်နှာတို့၌ မတ် ၁၈ ရက် တွင် ဖော်ပြခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်