ဝါးလက်မှုထုတ်ကုန်ဖြင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုစီမံချက်ကို အကောင်အထည်ဖော်နေသည့် ကော့မှူးမြို့နယ်

Type
၅

 

သတင်းဆောင်းပါး- နဒီမင်း၊ ဓာတ်ပုံ- နေဇော်
 

“ဝါးပင်’’ မှသည် လှပသေသပ်၍ စွဲမက် ဖွယ်ကောင်းသည့်     လက်ကိုင်အိတ် ကလေးများဖြစ်လာစေရန်       မိမိ ကျွမ်းကျင်သော လက်မှုအတတ်ပညာ ဖြင့် အနုစိတ် ဖန်တီးရက်လုပ်နေသည့်  အမျိုးသမီးတစ်ဦး။    သူက  ကော့မှူး မြို့နယ် လက်ခိုက်ကျေးရွာမှ   မစန်း သီတာပင် ဖြစ်သည်။
‘‘ရန်ကုန်မှာတော့ ဒါကို  ပခြုပ်လို့ ခေါ်တာပေါ့။   ဒီဖာပုံစံလေးတွေကို အဖုံး နဲ့ပိုက်ဆံအိတ်လေးတွေ၊   လွယ်အိတ် ပုံစံမျိုးတွေလုပ်တာ။  အရင်က လက်လီ လက်ကားရောင်းတာပေါ့။  အခုတော့ သမဝါယမနဲ့      ပူးပေါင်းလုပ်တယ်၊ ပစ္စည်းအမှာရှိရင်    မှာတဲ့ပုံစံအကုန် လုပ်ပေးပါတယ်’’ ဟု  သူကဆိုသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါး နေသည့် အချိန်မျိုးမှာပင် စားဝတ်နေရေး အခက်အခဲကို သူ၏  တစ်နိုင်တစ်ပိုင် ဝါးလက်မှုလုပ်ငန်းက        တစ်ဖက် တစ်လမ်းမှ အတော်အသင့် အထောက် အကူပေးနိုင်သည်ဟု  မစန်းသီတာက ဆိုသည်။  
‘‘အခုလို   အလုပ်အကိုင်ရှားပါးတဲ့ အချိန်မှာ အလွန်ကြီးတော့ အခြေအနေ မဆိုးသေးဘူး။ သူ့ဟာနဲ့သူ အသင့်အတင့် တော့ စားဖို့သောက်ဖို့တော့ရပါတယ်။ အရင်ထက်စာရင်တော့ မကောင်းသေး ဘူးပေါ့။ အခုလက်ရှိ နိုင်ငံခြားကို ပို့ဖို့ ဆိုပြီး ပခြုပ်မျိုးစုံ အချောရက်လုပ်ပေး နေရတာရှိတယ်’’ဟု  မစန်းသီတာက ပြောသည်။  
မစန်းသီတာနေထိုင်ရာ    ကော့မှူး မြို့နယ်သည်   ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဝါးအများ အပြားပေါက်ရောက် ရာ၊    ဝါးစိုက်ဧက  အများဆုံးမြို့နယ် များ  စာရင်း၌တစ်ခုအပါအ၀င်ဖြစ်ရာ    ကျေးရွာများအတွင်းရှိ  ဒေသခံအများစု သည်  ဝါးကိုအခြေခံသော   လက်မှု လုပ်ငန်းများကို     တစ်ဦးချင်းသော် လည်းကောင်း၊    မိသားစုလိုက်သော် လည်းကောင်း တစ်နိုင်တစ်ပိုင်  လုပ်ကိုင် ကြသည်။
‘‘ဒီမှာက လက်ခစားတော့မရှိဘူး။ အိမ်မှာတစ်ပိုင်တစ်နိုင် မိသားစုလုပ်ကြ တာပဲ။ တစ်ယောက်ရှိလဲ တစ်ယောက် နိုင်သလောက်ပေါ့။   အခြားရွာတွေက တော့ ဗန်းရက်တယ်။ ဆန်ကော၊ ဆန်ခါ ရက်တယ်။ ကျောက်ပျဉ်အုပ်ကလေးတွေ လုပ်တယ်။ ကျွန်မတို့ လက်ခိုက်တစ်ပိုင် ကတော့    ဒီပခြုပ်တစ်မျိုးပဲလုပ်တာ ပေါ့’’ဟု မစန်းသီတာက ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနအနေဖြင့်         တိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှု ဘဝများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ပွင့်လန်းလာစေရန်၊ ‘‘ကျေးရွာ တစ်ရွာ   ထုတ်ကုန်တစ်ခုစီမံချက်’’ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း စသည့် ခရိုင် သုံးခုတွင် စတင်အကောင်အထည် ဖော်လျက်ရှိရာတွင်    ကော့မှူးမြို့နယ် အတွက် ဝါးအခြေခံလက်မှုထုတ်ကုန်၊ တိုက်ကြီးမြို့နယ်အတွက်   ဘောလယ် ငါးပိနှင့် မှော်ဘီမြို့နယ်အတွက် တံမြက် စည်း စသဖြင့် သတ်မှတ်ကာ  စီမံချက် အောင်မြင်ရေးအတွက် ပံ့ပိုးဆောင်ရွက် လျက်ရှိသည်။  
‘‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု စီမံချက်က ခရီးသွားလုပ်ငန်းတွေ ပြန်ပြီး ဦးမော့လာတာနဲ့ ကိုယ့်ဒေသကထွက်တဲ့ ကုန်နဲ့ စျေးကွက်တွေရလာမယ်။ အလုပ် အကိုင်အခွင့်အလမ်းတွေလဲ ရလာမယ်။ စျေးကွက်လဲ ကျယ်ပြန့်သွားမှာပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး     သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာ မြင့်က ပြောသည်။
ထို့ပြင်  ကော့မှူးမြို့နယ်၏   ဝါး လက်မှုလုပ်ငန်းဖွံ့ဖြိုးရေးနှင့်  ဝါးလက်မှု ပစ္စည်းများ         တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်ရေးအတွက် လိုအပ်သည့် မတည်ရင်းနှီးငွေများကို     ဦးစီးဌာန အဆင့်ဆင့်မှ သတ်မှတ်ထားသော အတိုး နှုန်းဖြင့် ပံ့ပိုးပေးနိုင်ရန်၊    သမဝါယမ အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်စေရန်အတွက်    ကော့မှူးမြို့နယ် အတွင်းရှိ ဘုရားလမ်းရပ်ကွက် လက်ခိုက် ကျေးရွာ၊ တောင်ချောင်ကျေးရွာ၊ မြောက် ချောင်ကျေးရွာ၊ ကညင်ငူကျေးရွာစသည့် ရပ်ကွက်၊ ကျေးရွာတို့မှ    ဝါးလက်မှု လုပ်ငန်းလုပ်ကိုင်သူ၊ လုပ်ငန်းတူ ဆန္ဒတူ စိတ်တူကိုယ်တူ    အသင်းသားဦးရေ  ၁၅ ဦးဖြင့်  ဝါးအခြေခံလက်မှုလုပ်ငန်း သမဝါယမအသင်းကို ဖွဲ့စည်းထားရှိသည်။ 
အဆိုပါအသင်းမှ ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်ရာတွင်  စျေးကွက်တွင် အမြင် လှပြီး အရည်အသွေးမီသည့် ဆန်းသစ် သည့် ထုတ်ကုန်များ   ထုတ်လုပ်နိုင်ရန် အတွက်   ကော့မှူးမြို့နယ်အတွင်းရှိ အသင်းသားများ၏ နည်းပညာအားနည်း ချက်များကို အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာန၏ အကူအညီဖြင့် သင်တန်း များပို့ချပေးသည့်အပြင် အသင်းသားများ ပြုလုပ်ပြီးစီးသည့်   ဝါးလက်မှုပစ္စည်း များကို  ပေါက်စျေးပေး၍   ပြန်လည် ဝယ်ယူခြင်း၊  စျေးကွက်ရှာဖွေပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ 
ကော့မှူးမြို့နယ် သမဝါယမဦးစီး ဌာန  ဦးစီးအရာရှိ     ဒေါ်စုစုထွေးက ‘‘ဝါးလက်မှုအထည်တွေရဲ့    အရည် အသွေးနဲ့    ထုတ်ကုန်လှပကောင်းမွန် အောင်  ဆန်းသစ်တဲ့ ဒီဇိုင်းတွေထုတ်လုပ် နိုင်အောင်    နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးဖို့ရှိပါတယ်။    သမဝါယမ စနစ်အနေနဲ့   ငွေကြေးပံ့ပိုးမှုကိုတော့ အခု လက်ရှိထုတ်ကုန်တွေ ထုတ်လုပ် ရာမှာ လိုအပ်တဲ့ လက်မှု၊ စက်မှုပစ္စည်း လေးတွေကို        ဝယ်ယူပံ့ပိုးပေးထား ပါတယ်’’ဟု ပြောသည်။
၎င်းက ဆက်လက်၍   ‘‘စျေးကွက် အနေအထားကတော့     အခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မိုးဦးပန်း ဒေသထွက်ကုန်အရောင်းဆိုင်နှင့် အခြား မြို့နယ်များရှိ ဒေသထွက်ကုန်အရောင်း ဆိုင်တွေကို ပေးပို့ဖြန့်ဖြူးထားပါတယ်။ ပြည်နယ်/ တိုင်းဒေသကြီးတွေကိုလည်း ချိတ်ဆက်ဖြန့်ဖြူး        ရောင်းချဖို့ရှိပါ တယ်’’ဟု ပြောသည်။ 
လက်ရှိအချိန်တွင်  ကော့မှူးမြို့နယ် ကျေးရွာများမှ မိရိုးဖလာရက်လုပ်သည့် ဆန်ကော၊   ဆန်ခါနှင့်      လူ့အသုံး အဆောင် ဝါးလက်မှုပစ္စည်းများအပြင် ခေတ်မီဆန်းသစ်စွာဖြင့် အနုစိတ်ဖန်တီး ထားသည့် ဆပ်ပြာခွက်များ၊    ဖုန်းတင် စင်များ၊ တစ်သျှူးဘောက်များ၊ တိုင်ကပ် နာရီများ၊ ကော်ဖီခွက်များ၊ အလှပန်းအိုး များ၊ လင်ဗန်းများ၊ ပခြုပ်မျိုးစုံဖြစ်သည့် လက်ကိုင်အိတ်၊ ဖုန်းထည့်အိတ်၊ သင်္ကန်း ဘူးပုံစံဘူးကလေးများ၊  ပန်းအလှခြင်း များ၊ လက်ဆွဲခြင်းများကိုပါ ထုတ်လုပ် လာပြီဖြစ်သည်။ 
ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဒေါ်ဥမ္မာ မြင့်က ‘‘ကော့မှူးက ဝါးနဲ့လုပ်တဲ့ လက်မှု ပစ္စည်းလေးတွေက     စျေးကွက်တင် ရောင်းတဲ့အခါမှာ ဝယ်သူတွေ ကြိုက်တာ တွေ့ရတယ်။    စမ်းသပ်ကာလဖြစ်တဲ့ အတွက် မဆိုးဘူးရောင်းရတယ် ပြောရ မယ်။ ၂၀၂၂-၂၀၂၃ မှာလဲ အခြေအနေပေး တဲ့ ကုန်ပစ္စည်းတွေကို မြို့နယ်တိုင်းက ထွက်တဲ့ကုန်တွေကို ရှာဖွေပြီး စျေးကွက် မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒီလို ဒေသထွက်ကုန်လေးတွေလုပ်ချင်တယ်ဆိုရင် သမဝါယမအနေနဲ့  ပံ့ပိုးပေးဖို့  အသင့် ပါ’’ဟု ပြောသည်။    


မြန်မာနိုင်ငံအနှံ့ရှိ       တောင်ပေါ်၊ မြေပြန့် ကျေးလက်ဒေသလူမှု၀န်းကျင် တွင် ဝါးကိုအသုံးပြု၍    လူနေတဲအိမ် ကလေးများ၊  ခြံစည်းရိုး၊ တံတားများ၊ လှည်းပေါင်းမိုးများ      ဆောက်လုပ်ကြ သည့်အပြင်     ဆန်ကော၊   ဆန်ခါ၊ ခြင်းတောင်း၊ ပလုံး၊ ယောက်မ၊ ကွမ်းအစ်၊ ရေခွက်၊ ရေကျည်တောက်၊    ဦးထုပ်၊ စုဘူး၊  ခမောက်၊ တောင်ဝှေး၊ ကုလားထိုင်၊ စားပွဲနှင့် မြန်မာ့ရိုးရာအနုပညာလက်ရာ များဖြစ်သည့် ပလွေ၊   ပတ္တလား၊   ဝါး လက်ခုပ်၊    ယွန်းထည်ပစ္စည်းအမျိုးမျိုး သာမက အခြားသော ဝါးနှင့်မကင်းသည့် အသုံးအဆောင်ပစ္စည်းများသည်လည်း အမျိုးအမည်များစွာ   ကျန်ရှိနေသေး သည်။
ရှေးယခင်ကတည်းကပင်    ဝါးကို ခွဲခြမ်းစိတ်ဖြာ၍လည်းကောင်း၊   အလုံး လိုက်သော်လည်းကောင်း နေရာစုံ ကဏ္ဍ စုံ အသုံးပြုခဲ့ကြသည်ဖြစ်ရာ    ဝါးနှင့် ပတ်သက်သော မိရိုးဖလာ လက်မှုပညာ သည် ကျေးလက်နေပြည်သူတို့အတွက်  စိမ်းလှသည့်ပညာရပ်ကား      မဟုတ် ပေ။
ဝါးကို     အိမ်နီးချင်းနိုင်ငံများတွင်  အိမ်ဆောက်ပစ္စည်းအဖြစ်သာမက ဝါး က တစ်ဆင့်  ရိုးရာလက်မှုပစ္စည်းများ၊ ခေတ်မီလူ့အသုံးအဆောင်ပစ္စည်းများ အဖြစ်  အဆင့်မြင့်တင် ထုတ်လုပ်လာကြ သလို မြန်မာနိုင်ငံတွင်လည်း     ဝါးနှင့် ပတ်သက်သော ကုန်ချော၊ ကုန်ကြမ်းနှင့် ထုတ်ကုန်များကို   ပြည်ပသို့တင်ပို့ပြီး  စျေးကွက်ရရှိရေး၊    လက်မှုပညာနှင့် ပတ်သက်၍ ပြည်ပသို့ ထိုးဖောက်နိုင်ရေး၊ ခရီးသွားဧည့်သည်များ   ဆွဲဆောင်နိုင် ရေးတို့အတွက်      အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များက   ကြိုးပမ်းဆောင်ရွက် နေကြသည်ကို   မြင်တွေ့ကြားသိနေရ သည်။
ကျေးလက်ဒေသများတွင်  သဘာဝ အတိုင်းပေါက်လေ့ရှိပြီး စိုက်ပျိုးသည့် အခါတွင်လည်း လွယ်လင့်တကူ စိုက်ပျိုး နိုင်သည့် ဝါးပင်မှတစ်ဆင့်     ခေတ်မီ ဆန်းသစ်သော၊ နိုင်ငံတကာစျေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော  ဝါးလက်မှု ထုတ်ကုန်များ      ထုတ်လုပ်နိုင်အောင် စွမ်းဆောင်လာခြင်းဖြင့်    ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်သည်။
မိမိနေထိုင်ရာဒေသကို   မိမိတို့၏ ဒေသထွက်ကုန်၊ ထုတ်ကုန်များနှင့်အတူ ယှဉ်တွဲကာ     လူသိများထင်ရှားစေပြီး အိမ်တွင်းစီးပွားမှသည်    ဒေသတစ်ခု စီးပွားရေး ထိုမှသည် နိုင်ငံ့စီးပွားမြင့်မား ရေးကိုပါ အထောက်အကူပြုလာစေမည့်  ‘‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု စီမံ ချက်’’နှင့်ပတ်သက်၍ ဝါးပခြုပ်ကလေး များရက်လုပ်သူ      ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာမှ   မစန်းသီတာက ‘‘ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုလုပ်တဲ့ အခါကျတော့    ကိုယ့်ရွာအတွက်ရော ကိုယ့်အတွက်ရော   ထွန်းထွန်းပေါက် ပေါက်လုပ်ချင်တဲ့စိတ်ရှိတော့ ခုနောက် ပိုင်း  ဒီဇိုင်းဆန်းလေးတွေပါ  စမ်းပြီး လုပ်ကြည့်တယ်။  ဆေးခြယ်တာကစလို့ ပေါ့၊  လုပ်ငန်းတွင်ကျယ်ရင်  တွင်ကျယ် လာသလို   ကိုယ့်စီးပွားဝင်ငွေလေးလဲ ဖြောင့်လာမှာပဲလေ’’ဟု    စကားဆိုခဲ့ သည်။