ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၅


လူမှုဝန်ထမ်းဦးစီးဌာန က Quick Win Project အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံချက် အကောင်အထည်ဖော်ရေးတွင် အသက်မွေးဝမ်းကျောင်း သင်တန်းပူးပေါင်းပါဝင်ဖွင့်လှစ်သော မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်တွင်  ဥတ္တရသီရိမြို့နယ် ဇဝန  နေ့ကလေးထိန်းကျောင်းခန်းမ၌ ကျင်းပသည်။

 


 အခမ်းအနားသို့        မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်         ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ဦးအောင်ထွန်းခိုင်၊ နေပြည်တော် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး၊  မြန်မာနိုင်ငံအမျိုးသား  လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်း၊ မြန်မာနိုင်ငံ အမျိုး သမီးများနှင့် ကလေးသူငယ်များ  ဘဝမြှင့်တင်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်သူဇာဝေ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊          သင်တန်းနည်းပြများ၊ နေပြည်တော်    လယ်ဝေးမြို့နယ်   သာယာကုန်း ကျေးရွာနှင့်  တပ်ကုန်းမြို့နယ်  သကြားဟင်းအိုး ကျေးရွာတို့မှ သင်တန်းသူ ၂၀ တက်ရောက်ကြသည်။

 


သင်တန်းတွင်  ဒုတိယဝန်ကြီးက   (ကိုဗစ်-၁၉ ကာလအတွင်း      ကျေးလက်နေအမျိုးသမီးများ အတွက်     အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ  လုပ်ငန်းစီမံချက်)ကို   စီမံချက်   (၁၊ ၂၊ ၃)    အဆင့်ဆင့်    သတ်မှတ်၍ နေပြည်တော်   လယ်ဝေးမြို့နယ်   သာယာကုန်း ကျေးရွာနှင့်   တပ်ကုန်းမြို့နယ်  သကြားဟင်းအိုး ကျေးရွာတို့တွင်  ဆောင်ရွက်လျက်ရှိရာ  စီမံချက် အဆင့်(၂)၏  အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာသင်တန်းများအဖြစ် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်းက   ပူးပေါင်းပါဝင်ဆောင်ရွက်သည့်  ဝါးလက်မှုသင်တန်းဖြစ်ပြီး   သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဝါးများကို  စနစ်တကျ အသုံးပြု၍      အိမ်တွင်းလက်မှုထည်ပစ္စည်းများ စနစ်တကျစီးပွားဖြစ်  ထုတ်လုပ်ရောင်းချနိုင်ရန်အထိ ရည်ရွယ်သင်ကြားသည့် အစီအစဉ်ဖြစ်သည့်အတွက် မိသားစုဝင်ငွေ  တိုးပွားစေမည့်အပြင်  ဈေးကွက်စီမံ ခန့်ခွဲမှုကိုလည်း သိရှိနားလည်နိုင်မည်ဖြစ်၍  အကျိုး ရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသူ များအနေဖြင့်  တတ်မြောက်သည်မှ   ပိုမိုဖန်တီးတီထွင် နိုင်သည်အထိ  ကြိုးစားသင်ယူကြရန် တိုက်တွန်း ပြောကြားသည်။

 


ဆက်လက်၍   မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌက အမှာစကားပြောကြားပြီး      သင်တန်းနည်းပြက သင်တန်းဖွင့်လှစ်ရခြင်း  ရည်ရွယ်ချက်ကို  ရှင်းလင်း တင်ပြသည်။

 


ယခုဖွင့်လှစ်မည့် ဝါးလက်မှုသင်တန်းကို နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက် အထိ ခုနစ်ရက်ကြာ သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်