
Hidden Worlds Adventure ဂိမ်းဟာ ပုံတွေ ထဲမှာ ဝှက်ပြီးရေးဆွဲထားတဲ့ ပစ္စည်းတွေ၊ တိရစ္ဆာန်ပုံ တွေကို ရှာဖွေပေးရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ အရင်တုန်းက မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ ဒီလိုပုံလေး တွေပါတတ်လို့ ယနေ့ လူငယ်ပိုင်း၊ လူလတ်ပိုင်းနဲ့ လူကြီးတွေအနေနဲ့ ဒီဂိမ်းမျိုးကို မစိမ်းသလို စိတ် ဝင်စားမှုလည်း ရှိကြမှာပါ။ ဒီနေ့ ကလေးတွေအတွက် တော့ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေလည်း အလှမ်းဝေးနေပြီ ဖြစ်လို့ ဒီလိုဂိမ်းမျိုးကို ဖုန်းကနေတစ်ဆင့်သာ ဆော့နိုင်တော့မှာဖြစ်ပါတယ်။ လူကြီးတွေအတွက် ငယ်ဘဝအမှတ်တရဖြစ်စေသလို ကလေးတွေအတွက် လည်း မျက်စိရှင်ရှင်နဲ့ လေ့လာတတ်တဲ့ အလေ့ အကျင့်မျိုး ရစေမှာဖြစ်ပါတယ်။
Hidden Worlds Adventure ဂိမ်းမှာ အဓိက အနေနဲ့ အပျင်းပြေကစားနိုင်တဲ့ Free Play Mode နဲ့ ဇာတ်လမ်းသွားအတိုင်း ကစားရတဲ့ Campaign Mode လို့ နှစ်မျိုးပါဝင်ပြီး ပစ္စည်းအမျိုးအစားပေါင်း များစွာကိုဝှက်ပြီး ဆွဲထားတဲ့ ပုံပေါင်း ၂၀၀ ကျော် ပါဝင်ပါတယ်။ ပုံတွေဟာလည်း အရည်အသွေး မြင့်တဲ့ HD ပုံတွေချည်းပဲဖြစ်ပြီး လိုအပ်သလို Zoom ဆွဲပြီး ချဲ့ကြည့်နိုင်ပါသေးတယ်။ ဒါ့အပြင် ဂိမ်းထဲ ကနေ ထပ်မံပြီး ဒေါင်းလုပ်ဆွဲနိုင်တဲ့ ဂိမ်းအမျိုးအစား ရှစ်မျိုးလည်း ပါဝင်ပါသေးတယ်။
ဒီဂိမ်းကို ပလေးစတိုးမှာ Hidden Worlds Adventure လို့ ရိုက်ရှာနိုင်ပြီး ဖိုင်ဆိုက်က 71 MB ရှိပါတယ်။ အန်းဒရွိုက်ဗားရှင်း 4.0 နဲ့အထက် ဖုန်း တိုင်းမှာ ကစားနိုင်ပါတယ်။
ကျော်ဇင်ဦး