
ဟိုပန် ဇန်နဝါရီ ၁၄
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်း တိကျမှန်ကန်မှု ရှိစေရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီက ဦးဆောင်၍ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့ (Working Group ) များက တစ်အိမ်တက်ဆင်း စာရင်း ကောက်ယူလျက်ရှိသည်။
ထိုသို့ တစ်အိမ်တက်ဆင်း စာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူလျက်ရှိရာတွင် ဟိုပန် ခရိုင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်တို့က ကြီးကြပ်၍ ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှု ရေး အသင်းအဖွဲ့များ ပါဝင်သည့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်း ဆင်းကောက်ယူရေးအဖွဲ့က အိမ် ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/ ၆) အချက်အလက်နှင့် မြေပြင် လူဦးရေစာရင်းများ တိကျမှန်ကန် စေရေး တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို ဝိုင်းဝန်း ပူးပေါင်း ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို Working Group မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့ ၃၀ ခွဲ၍ ဇန်နဝါရီ ၉ ရက် မှ ၃၁ ရက် အထိ ကွင်းဆင်းဆောင်ရွက်သွား မည်ဖြစ်သည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဟိုပန်မြို့နယ်တွင် ရပ်ကွက် ၁၀ ခု၊ ပန်လုံမြို့တွင် ရပ်ကွက် ရှစ်ခု စုစုပေါင်းရပ်ကွက် ၁၈ ခုနှင့် ကျေးရွာအုပ်စု ၁၇ အုပ်စုရှိကာ ကောက်ယူရမည့် အိမ်ထောင်စု ပေါင်းမှာ ၇၅၅၀ ရှိကြောင်း လူဝင် မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဟိုပန် မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)