
ဝါးခယ်မ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မ မြို့နယ် ဝဲကြီးကျေးရွာနှင့် အလယ်ချောင်ကျေးရွာ လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာများ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း တက် ရောက် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် နှင့်အတူ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာ ဦးကြီးဇေယျ နှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် နှင့်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များ တက်ရောက်ပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လျှပ်စစ်ထရန်စဖော်မာ ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်းကလဲ့ ကျေးရွာအုပ်စု အလယ်ချောင် ကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးသည်။
ဝဲကြီးကျေးရွာ၌ အိမ်ခြေ ၁၅၉ လုံးရှိရာ ၁၁ ကေဗွီလိုင်း ၁ ဒသမ ၈၆ မိုင် သွယ်တန်းပြီး (၂၀၀ ကေဗွီအေ) ထရန်စဖော်မာတစ်လုံး နှင့် လျှပ်စစ်မီတာ ၈၆လုံး တပ်ဆင် ထားပြီး အလယ်ချောင်ကျေးရွာ တွင် အိမ်ခြေ ၆၅ လုံးရှိရာ ၁၁ ကေဗွီ လိုင်း ၀ ဒသမ ၆ မိုင်သွယ်တန်းပြီး (၁၀၀ ကေဗွီအေ) ထရန်စဖော်မာ တစ်လုံးနှင့် လျှပ်စစ်မီတာ အလုံး ၃၀ တပ်ဆင်ထားကြောင်း သိရ သည်။
စောသန္တာဦး(ပြန်/ဆက်)