ဝိုင်းမော်မြို့နယ်ရှိ ရွှေလမ်းငွေလမ်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က ဝိုင်များ ထုတ်လုပ်ဖြန့်ဖြူး

 

 

နေပြည်တော်    မတ်   ၂၉  
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ   ရွှေလမ်းငွေလမ်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က ဝိုင်လုပ်ငန်းအတွက် အဓိကကုန်ကြမ်းများဖြစ်သော စပျစ်၊ မက်မန်း၊ ပိုးဇာ၊ ချဉ်စော်ကား သီးများကို ဒေသတွင်း ကာလပေါက်ဈေးပေးပြီး ဝယ်ယူသိုလှောင်ကာ အရည်အသွေးမြင့်  ဝိုင်များထုတ်လုပ်၍   တစ်နိုင်ငံလုံးရှိ   ပုဂ္ဂလိက လုပ်ငန်းများသို့  ပုလင်းကြီးတစ်လုံးလျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
အသင်းမှ ဝိုင်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် စပျစ်၊ မက်မန်း၊ ပိုးဇာ၊ ချဉ်စော်ကား ဝိုင်ဂါလန် ၂၀၀၀ (ပုလင်းကြီး ၁၂၀၀၀) ပျမ်းမျှ ထုတ်လုပ် နိုင်ကြောင်း သိရသည်။                                   သတင်းစဉ်