ဝါဂွမ်းထွက်ပစ္စည်းများ

Type

 

ဒေါက်တာချစ်
 

(ယမန်နေ့မှအဆက်)
ဘာသာဒင့်ဝါမျိုးစိတ်သည် ဂွမ်းမွေးအရှည်ဆုံး ဖြစ်ပြီး အာဘိုးရီးယံဝါမျိုးစိတ်သည်    အတိုဆုံး ဖြစ်သည်။ ဟာဆူတံဝါမျိုးစိတ်မှာ အလယ်အလတ် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဝါကြီးမျိုး၏ ဂွမ်းမွေးအရှည် မှာ ၁၉-၂၁ မမ၊ ဝါကလေးမျိုးမှာ ၂၀ မမ၊ မလှိုင် ဝါမျိုးများမှာ ၂၂-၂၃ မမနှင့် လွန်ကျော် ၃ ဝါမျိုးမှာ ၂၇-၃၀ မမ အသီးသီးဖြစ်ကြသည်။ ထိုသို့ ဝါမျိုး၏ ဗီဇအပြင် အပူချိန်မြင့်မားခြင်း၊ မြေအစိုဓာတ် မလုံ လောက်ခြင်း၊ ပိုတက်စီယံဓာတ်မလုံလောက်ခြင်း၊ ကြိတ်စက်တွင် ဂွမ်းမွေးအပြတ်များခြင်း  စသည် တို့သည်လည်း ဂွမ်းမွေးကို တိုစေနိုင်သည်။
ဂွမ်းမွေးအရှည်ညီညွတ်မှု။  ဂွမ်းမွေးအရှည် ညီညွတ်မှုသည်လည်း   ချည်ငင်ရာတွင်   အလွန် အရေးကြီးသည်။ ချည်ညီညွတ်မှုနှင့် ခိုင်ခံ့မှုတို့သည် ဂွမ်းမွေးညီညွတ်မှုအပေါ်      တည်မီနေသည်။ ထို့ကြောင့် ချည်ချောချောငင်ရာတွင် ဂွမ်းမွေးတိုများ မပါစေရန်ဘီးနှင့် ဖြီးပေးရသောအလုပ်ပိုကို လုပ်ကြ ရသည်။ ဂွမ်းမွေးတွင် နှစ်မီလီမီတာထက်ရှည်သော အမွေးတိုနှင့် အမွေးရှည်၊ အမွေးလတ်များ၊ ရောနှော နေလေ့ရှိသည်။ အမွေးရှည်ခြင်းသည်   ဝါမျိုးနှင့် စိုက်ပျိုးရာ နေရာဒေသအခြေအနေအပေါ်  မူတည် သည်။ ဝါကြိတ်စက်နှင့် သန့်စင်စက်များတွင် အပူ လွန်ကဲမှုဒဏ်ခံရသော ဝါ၊ မိုးမိသောဝါ၊ မခြောက် သွေ့ဘဲ အစိုဓာတ် (၁၁  ရာခိုင်နှုန်းထက်ပို)  များများ နှင့်  သိုလှောင်ထားသည့်ဝါ၊    မျိုးကြောင့်ဖြစ်စေ၊ စိုက်စနစ်ကြောင့်ဖြစ်စေ ဂွမ်းမွေးခိုင်ခံ့မှုနည်းသော ဝါတို့သည် ဂွမ်းမွေးအရှည် ညီညွတ်မှုလျော့နည်း လေ့ရှိသည်။
ဂွမ်းမွေးအရှည် ညီညွတ်မှုကို နည်းမျိုးစုံဖြင့် တိုင်းတာကြသည်။ ဖိုက်ဘရိုဂရပ်ဖ်တွင် ၅၀ ရာခိုင် နှုန်းငင်၍ရသော ချည်မျှင်အရှည်ကို ၂  ဒသမ ၅ ရာခိုင်နှုန်းငင်၍ရသော ချည်မျှင်အရှည်နှင့်တွက်၍ ရသော အချိုးကို “ဂွမ်းမွေးအရှည်ညီညွတ်မှု”  ဟု ခေါ်ဝေါ်ကြသည်။    ဂွမ်းမွေးအရှည်ညီညွတ်မှုကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ကြသည်။
ဂွမ်းမွေးချောမွေ့မှု။      ဂွမ်းမွေးချောမွေ့မှု (သေးသွယ်မှု)သည် ချည်ခိုင်မာမှုအတွက် ဂွမ်းမွေး အရှည်ပြီးလျှင် ဒုတိယအရေးအကြီးဆုံးဖြစ်သည်။ ချည်တစ်မျှင်တွင် ဂွမ်းမွေးချောလေ ဂွမ်းမွေးအရေ အတွက် များလေဖြစ်ပြီး ခိုင်ခံ့မှုပိုလာသည်။ ဂွမ်း မွေးရှည်လေ ဂွမ်းမွေးချောလေဖြစ်သည်။   ဝါပင် စိုက်ပျိုးသည့်နေရာ၏ ရာသီဥတု၊ စိုက်ပျိုးနည်းစနစ်၊ ပတ်ဝန်းကျင်အခြေအနေတို့သည် ဂွမ်းမွေးချောမွေ့ မှုအပေါ် များစွာအကျိုးသက်ရောက်စေသည်။ ဝါသီး မရင့်ဘဲကွဲအက်၍ ဝါကောက်ယူရလျှင် ထိုဝါသည် ဂွမ်းမွေး ပိုမိုချောမွေ့သည်။ အပူချိန်မြင့်မားခြင်းနှင့် မြေအစိုဓာတ်မလုံလောက်ခြင်းတို့သည် ဂွမ်းမွေး ကို ကြမ်းတမ်းစေသည်။
ဂွမ်းမွေးတစ်ပင်ချင်းသည် တုတ်သည်/သေး သည် (Diameter) ကို တိုင်းတာရန် မလွယ်ကူလှချေ။ သမားရိုးကျနည်းဖြင့် တိုင်းတာရာတွင်   ဂွမ်းမွေး အနည်းငယ်ကို အလယ်မှ  လက်မ (၁၂ မမ) ကို ဖြတ်ယူ၍ ဂွမ်းမွေးအရေအတွက်နှင့် အလေးချိန် တို့ကို မှတ်သားရသည်။ ထိုအရေအတွက် အလေးချိန် တို့မှ ဂွမ်းမွေးအရှည်၏ ပျမ်းမျှအလေးချိန် သို့မဟုတ် အလေးချိန်၏ ဂွမ်းမွေးအရှည်ကို တွက်ချက်ရသည်။ ထိုသို့မဟုတ်လျှင်လည်း အရှည်သိပြီးသော ဂွမ်းမွေး ၁၀၀၀ ကိုယူပြီး အလေးချိန်၍ တွက်ချက်နိုင်သည်။
ဂွမ်းမွေးချောမွေ့မှုတိုင်းတာသော ကိရိယာမျိုးစုံ ပေါ်ပေါက်လာပြီဖြစ်သည်။ ဝီရာတက်စတာ (WIRA Tester)၊ ပို့တ်အာ (Port-Ar)၊ အတီရာတက်စတာ (ATIRA Tester)၊ မိုက်ခရိုနိုင်းယား (Micronaire) စသည်တို့တွင် မိုက်ခရိုနိုင်းယားကို တွင်ကျယ်စွာ အသုံးပြုကြသည်။ ထိုကိရိယာမှ  ဂွမ်းမွေးအရှည် တစ်လက်မ၏ အလေးချိန်ကို မိုက်ခရိုဂရမ်(၁၀-၆)ဖြင့်  ဖော်ပြသည်။ မစ်လီတက်စ် (Militex) ကမူ ဂွမ်းမွေးအရှည် ၁  ကီလိုမီတာရှိ  အလေးချိန်ကို မီလီဂရမ်ဖြင့် ဖော်ပြသည်။
ဂွမ်းမွေးချောမွေ့မှုကို လက်တွင်ဆုပ်၍ စမ်းသပ် ကြည့်ခြင်းဖြင့်  ကျွမ်းကျင်သူများသည် ခန့်မှန်း နိုင်သည်။   ဘာသာဒင့်စ်ဝါမျိုးစိတ်သည် ဂွမ်းမွေး အချောဆုံးဖြစ်ပြီး     အာဘိုးရီးယံမျိုးစိတ်သည် အကြမ်းဆုံးဖြစ်သည်။    ဟာဆူတံဝါမျိုးစိတ်မှာ အလတ်စားဖြစ်သည်။     ဂွမ်းမွေးချောမွေ့မှုကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ကြသည်။
ဂွမ်းမွေးရင့်မှည့်မှု။ ဝါပွင့်မျိုးကူးစပ်ပြီးနောက် အစေ့ခွံ၏အပေါ်ယံရှိ ကလာပ်စည်း ခေါ် ဆဲလ်အချို့ သည် ပိုက်လုံးပုံသဏ္ဌာန်ဖြင့် ရှည်ထွက်လာကြသည်။ ၂၁ ရက်ခန့်ကြာအောင် ရှည်ထွက်နေစဉ် ဆဲလ် အတွင်းနံရံများ ထူထပ်လာမှုသည် အလွန်နှေးသည်။ အရှည်သည် ဝါမျိုးစိတ်အရ လုံလောက်သောအခြေ အနေကိုရောက်ရှိမှ    ဆဲလ်အတွင်းနံရံများသည် လျင်မြန်စွာထူထပ်လာသည်။ ထိုအချိန်၌ အာဟာရ ချို့တဲ့လျှင်သော်လည်းကောင်း၊ ပိုးမွှားနှင့် ရောဂါ ကျရောက်လာလျှင်သော် လည်းကောင်း၊    ဆဲလ် အတွင်း နံရံများထူထပ်မှု လျော့နည်းသွားသည်။ ဆဲလ်အတွင်းနံရံများပြည့်နေလျှင် ဂွမ်းမွေးရင့်မှည့် သည်။ ရင့်မှည့်သောဂွမ်းမွေးတွင် အူတိုင်၌အပေါက် (Lumen) မရှိတော့ချေ။ အခေါင်းပေါက်ရှိနေလျှင် မရင့်မှည့်သေး သို့မဟုတ် သေနေပြီဟု သတ်မှတ် သည်။ မရင့်မှည့်သေးသော ဂွမ်းမွေးသည်  ခိုင်ခံ့မှု နည်းပြီး ချည်ငင်ရာတွင် ပြတ်လွယ်သည်။ ရှုပ်ထွေး သောဂွမ်းထစ်များ (Neps) ဖြစ်တတ်သည်။ ချည်မျှင် ညီမျှမှုကို ယိုယွင်းစေသည်။    ကြည့်၍မကောင်း ဖြစ်တတ်သည်။ ချည်နှင့်အထည်များကို ဆေးဆိုး ရာတွင် ဆေးရောင်မစွဲဘဲ နေတတ်သည်။
အများသုံးတိုင်းတာမှုစနစ်မှာ      ဂွမ်းမွေးကို ကော့စတစ်ဆိုဒါ ၁၈ ရာခိုင်နှုန်း အရည်တွင် စိမ်လိုက် သောအခါ   ပွ၍လာသည်။ ထိုသို့   ပွ၍လာသော ရင့်မှည့်နေသည့် ဂွမ်းမွေးသည် အလိမ်အတွန့်မပါ ဘဲ ဖြောင့်တန်း၍နေသည်။ မရင့်မှည့်သောဂွမ်းမွေး သည် ပြားချပ်ပြီးလိမ်တွန့်နေသည်။ ထိုသို့ပွ၍လာ သော  ဂွမ်းမွေးများကို    အနုစိတ်မှန်ဘီလူးဖြင့် ကြည့်၍ ရင့်/မရင့်ခွဲခြားနိုင်သည်။ ရင့်မှည့်သော ဂွမ်းမွေးပါဝင်မှု ရာခိုင်နှုန်း သို့မဟုတ် ရင့်မှည့်မှုအချိုး သို့မဟုတ် ရင့်မှည့်မှုမြှောက်ကိန်း (Coefficient) စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
ဂွမ်းမွေးရင့်မှည့်မှုကို အခြားသောနည်းများဖြင့် လည်း ပြသကြသည်။ ဂွမ်းမွေးကို နမူနာဓာတ်ပုံ များဖြင့် နှိုင်းယှဉ်ပြီး ရင့်မှည့်မှုကို သတ်မှတ်သည်။ အခြားတစ်နည်းမှာ ဆီလီနိုက်ရက်ဒ်ဝမ်း (Selenite Red 1) ပလိပ်ပြားကို ဂွမ်းမွေးနှင့် လေ့လာသူအကြား ထား၍ အဏုကြည့်မှန်ဘီလူးကို    ပိုလာရိုက်စ် အလင်းရောင် (Polarized   Light)  အောက်တွင် ကြည့်ရသည်။ မရင့်မှည့်သောဂွမ်းမွေးသည် ခရမ်း ရောင် သို့မဟုတ် အပြာရောင်ဖြစ်ပြီး   ရင့်မှည့်သော ဂွမ်းမွေးသည် အဝါရောင် သို့မဟုတ်   အစိမ်းရောင် ဖြစ်သည်။   မိုက်ခရိုနိုင်းယား ပေါ်လာသောအခါ ဂွမ်းမွေးသည် ကော့စတစ်ဆိုဒါတွင်စိမ်၍   ဖောင်းပွ လာစေပြီး ရေဆေး၍အခြောက်ခံရသည်။   ထိုဂွမ်းမွေး ကို မိုက်ခရိုနိုင်းယားနှင့် စမ်းသပ်ရသည်။ မိုက်ခရို နိုင်းယား ပေါ် ကော့စတီကိုင်ယားစကေး (Causticaire  Scale) တပ်၍ ကော့စတစ်ဆိုဒါရည်တွင် မစိမ်မီနှင့် စိမ်ပြီး ဂွမ်းမွေးတို့ကို တိုင်းတာရသည်။ ထို နှစ်ခုကို နှိုင်းယှဉ်၍ ဂွမ်းမွေးရင့်မှည့်မှုကို သတ်မှတ်ရသည်။ အချို့နည်းမှာမှု ဂွမ်းမွေးကို ဖြတ်သန်း၍ လေဖိအား နှစ်မျိုးဖြင့်  မှုတ်သွင်းလျှင် ဂွမ်းမွေးရင့်မှည့်မှုအရ လေဝင်သည့်ပမာဏချင်းမတူချေ။ ဤအချက်ကို အခြေခံပြီး မိုက်ခရိုနိုင်းယားကိရိယာကို   ပြုလုပ် သည်။ ထိုနောက်ပိုင်းတွင် IIC (International In-stitute for  Cotton) သို့မဟုတ်  ရှာလီဖိုင်းနက်စ် မက်ကျူရတီတက်စတာ   (Shirley   Fineness Maturity Tester) ခေါ် ကိရိယာကို တီထွင်ကြသည်။ ထိုကိရိယာသည်လည်း ဂွမ်းမွေးနမူနာကို ဖြတ်သန်း ၍ လေဖိအားနှစ်မျိုးကို မှုတ်သွင်းသည်။
ဂွမ်းမွေးရင့်မှည့်မှုအဆင့်ကို အောက်ဖော်ပြပါ အတိုင်း သတ်မှတ်ကြသည်။
ဝါမွေးရင့်မှည့်ခြင်းပေါ်မူတည်၍  ဖြစ်ပေါ်လာ သော အလိမ်များ
ဂွမ်းမွေးခိုင်ခံ့မှု။ ဂွမ်းမွေးခိုင်ခံ့မှုသည် ချည်ငင် ရာတွင် အဓိကအရေးကြီးသည်။ ချည်မျှင်၏ ခိုင်ခံ့ မှုကို ဖြစ်စေသည်။ ချည်မျှင်ခိုင်ခံ့စေရေးအတွက် ဂွမ်းမွေးအရှည်၊ ချောမွေ့မှု၊ ညီညာမှုနှင့် ရင့်မှည့်မှု တို့ထက် ဂွမ်းမွေးခိုင်ခံ့မှုက ပို၍အရေးကြီးပါသည်။ ဂွမ်းမွေးခိုင်ခံ့မှုသည် ဝါမျိုးအလိုက် ကွဲပြားသည်။ စိုက်ပျိုးသည့်ပတ်ဝန်းကျင်သည်  ဂွမ်းမွေးခိုင်ခံ့မှု အပေါ် အကျိုးသက်ရောက်မှုနည်းပါးသည်။  အစို ဓာတ်များနေသော  ဝါဂွမ်းသည်ခိုင်ခံ့မှုပိုမိုသည်။ ထို့ကြောင့် အရည်အသွေး စမ်းသပ်ခန်းများတွင် လေထု၏ စိုထိုင်းဆကို ၆၅ ရာခိုင်နှုန်း + ၂ရာခိုင်နှုန်း ခန့်ရှိနေရန်နှင့် အပူချိန်ကို အပူပိုင်းဒေသတွင် ၂၇° + ၂° စင်တီဂရိတ်နှင့် အေးသောဒေသတွင် ၂ဝ° + ၂° စင်တီဂရိတ်ရှိနေရန် သတ်မှတ်ထားသည်။ ဝါမျိုး အရ ဂွမ်းမွေးတိုလေ တုတ်လေဖြစ်ပြီး ခိုင်ခံ့မှုပိုမို လေဖြစ်သည်။ ရင့်မှည့်သောဂွမ်းမွေးသည်နုသောဂွမ်းမွေးထက်ခိုင်ခံ့မှုပိုသည်။
ဂွမ်းမွေးခိုင်ခံ့မှုသည် ဂွမ်းမွေးနမူနာ  ဧရိယာ တစ်ခု၏ ခိုင်ခံ့မှု  သို့မဟုတ် အလေးချိန်တစ်ခု၏ ခိုင်ခံ့မှုဖြစ်သည်။ ဂွမ်းမွေးမပြတ်မီ ရှည်ထွက်လာ ခြင်းကို ဖိုက်ဘာအီလောင်းဂေးရှင်း (Fibre Elon-gation)ဟုခေါ်သည်။ ဂွမ်းမွေးနမူနာကို ညှပ်နှစ်ခု (Pressley Clamps) ထဲထည့်ပြီး  အလေးဖြင့် (Weight)ဆွဲဆန့်၍ ဖြတ်ရသည်။ ထိုညှပ်နှစ်ခုကို ထိနေအောင်ထားပြီးမှ ဖြတ်တောက်ခြင်းကို ဇီးရိုး ဂေါ့ဂျ် (Zero Gauge)ဟုခေါ်သည်။ အခြားတစ်နည်း မှာ ညှပ်နှစ်ခုကို ထိနေအောင်မထားဘဲ     လက်မ ခွာပြီး ဖြတ်တောက်ခြင်းဖြစ်သည်။ ပထမနည်းသည် ဂွမ်းမွေး၏ အစွမ်းကုန်ခိုင်ခံ့မှုကို ပြသသည်။ သို့ရာ တွင် ဂွမ်းမွေးသည် အမျှင်တစ်လျှောက်လုံးခိုင်ခံ့မှုမတူညီဘဲ အားနည်းသောနေရာများ  ရှိနိုင်သည်။ ထို့ကြောင့် ဒုတိယနည်းသည်   ပထမနည်းထက် ခိုင်ခံ့မှုလျော့နည်းဖော်ပြ၍ လက်တွေ့ချည်ငင်သောလုပ်ငန်းနှင့်နီးစပ်သဖြင့် အသုံးများလာသည်။
ဂွမ်းမွေးခိုင်ခံ့မှုတိုင်းတာသော ကိရိယာအမျိုးမျိုး ရှိသည့်အနက်   ပရက်စလီစထရင့်သ်တက်စတာ (Pressley Strength Tester) နှင့် စတယ်လိုမီတာ (Stelometer) တို့သည်   အရေးပါဆုံးဖြစ်သည်။ ပရက်စလီနှင့်  တိုင်းတာရာတွင်   ဇီးရိုးဂေါ့ဂျ်ထား လျက်    ဂွမ်းမွေးကိုဖြတ်နိုင်သော    ပေါင်ချိန်ကို ပြတ်သွားသော ဂွမ်းမွေးအလေးချိန်ကို မီလီဂရမ်နှင့် စားရသည်။ အဖြေကို ပရက်စလီထရင့်သ်အင်းဒက်စ် (Pressley Strength Index)ဟု ခေါ်သည်။ သို့မဟုတ် Strength in 1000 lb/sq inch   or  Tenacity  in  grams/tex   ဟုလည်း ခေါ်သည်။  ဇီးရိုးဂေါ့ဂျ်မဟုတ် ဘဲ    လက်မခွာ၍ ဂွမ်းမွေးကိုဖြတ်လျှင် ရလာ သောရလဒ်ကို  ပရက်စလီရေးရှိုး (Pressley Ratio in  lb/mg)ဟုသော် လည်းကောင်း၊ တင်နက်စီတီး (Tenacity in grams/ tex)ဟုသော် လည်းကောင်း သတ်မှတ်ခေါ်ဝေါ်သည်။ ပရက်စလီကိရိယာတွင် အလေး (Weight)  သည် လက်တန်းပေါ် ရွေ့လျားရ သဖြင့်   အလေးချိန်ပိုပြီး  ပြကောင်းပြနိုင်သည်။ ထို့ကြောင့် ပိုမိုတိကျသော စတယ်လိုမီတာ (Stelo-meter)ကို သုတေသီများက သုံးလာကြသည်။ အဖြေ ကို Units   of  grams/tex ဖြင့် ပြသည်။
ကျွမ်းကျင်သူသည်  လက်နှစ်ဖက်ဖြင့်ဖြတ်ပြီး အကြမ်းဖျင်းခိုင်ခံ့မှုကို  ခန့်မှန်းနိုင်သည်။  ကိရိယာ ဖြင့် ဂွမ်းမွေးခိုင်ခံ့မှုကို အောက်ပါအတိုင်း သတ်မှတ် ကြသည် -