
ဝေါ သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် အောင်ဆီဂျင် စက်နှင့် အောက်ဆီဂျင်အိုးများ၊ Flow Meter များ လှူဒါန်းခြင်း နှင့် တိုက်နယ်ဆေးရုံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဝေါမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာ ငွေကျပ် ၅၂ သိန်း တန်ဖိုးရှိ Oxygen Concentrator (10) L အောင်ဆီဂျင်စက်နှစ်လုံး၊ လီတာ ၄၀ ဆံ့အောက်ဆီဂျင်အိုး ၁၀ လုံး နှင့် Flow Meter ၁၀ ခုကို ဝေါမြို့ နေ ဦးဌေးအောင် - ဒေါ်မြမြစိုး (အောင်စိုးမိုး-မိသားစု)က လှူဒါန်း ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်း မော်နှင့် ကော်မတီဝင်များက လက်ခံယူသည်။
ထို့နောက် ဝေါမြို့နယ်အတွင်း ရှိ မြစ်ကျိုးတိုက်နယ်ဆေးရုံ အတွက် Oxygen Concent-rator(10)L အောင်ဆီဂျင်စက် တစ်လုံး၊ အောက်ဆီဂျင်အိုး(40)L ငါးလုံး၊ Flow Meter ငါးခုနှင့် ညောင်ခါးရှည်တိုက်နယ် ဆေးရုံ အတွက် Oxygen Concent-rator(10)L အောင်ဆီဂျင် စက် တစ်လုံး၊ အောက်ဆီဂျင်အိုး(40)L ငါးလုံး၊ Flow Meter ငါးခုတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များက ပြန်လည်လွှဲပြောင်း ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်သည့် ဦးအောင်လွင်နှင့် ဦးလှမင်းတို့က လွှဲပြောင်းလက်ခံ ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)