
ဝေါ ဧပြီ ၇
ပဲခူးခရိုင် ဝေါမြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအား အာဟာရဖြစ်စေရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ကာ ယနေ့တွင် အားဖြည့်အချိုရည်များနှင့် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း (ဝေါ)၊ အခြေခံပညာအထက်တန်းကျောင်း(မြစ်ကျိုး)နှင့် အခြေခံပညာအထက်တန်းကျောင်း (ညောင်ခါးရှည်) စသည့်စာစစ်ဌာန သုံးခု တို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)