ဝေါမြို့နယ်၌ စားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံ ၆၀၁၅ ဧက အောင်မြင်စွာ စိုက်ပျိုးထားလျက်ရှိဝေါမြို့နယ်၌ စားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံ ၆၀၁၅ ဧက အောင်မြင်စွာ စိုက်ပျိုးထားလျက်ရှိ

 

ဝေါ   မတ်   ၄


ပဲခူးတိုင်းဒေသကြီး   ဝေါမြို့နယ်တွင်   စားသုံးဆီဖူလုံရေးအတွက် ဆီထွက်နေကြာအပါအဝင်     မြို့နယ်အတွင်း   ဆီထွက်သီးနှံ   ၆၀၁၅ ဧက အောင်မြင်စွာစိုက်ပျိုးထားကြောင်း သိရသည်။

 


ထိုသို့စိုက်ပျိုးထားရှိမှုတွင်   ဆီထွက်သီးနှံများဖြစ်သည့်   နေကြာ အနေဖြင့် ပဲမျိုးစုံစိုက်ခင်းအတွင်း သီးညှပ်ဧက ၇၀၀၊ နေကြာ သီးသန့် အနေဖြင့် ၁၅ ဧကနှင့်   မြေပဲ  ဧက ၅၃၀၀  စိုက်ပျိုးထားပြီး   နေကြာ စိုက်ပျိုးမှုအနေဖြင့်  သီးသန့်နေကြာ ၁၅ ဧကတွင် ဆောင်းသီးနှံ ၁၀ ဧက နှင့်  ရေသွင်းစိုက်ပျိုးနည်းဖြင့်      ငါးဧကစိုက်ပျိုးထားကြောင်း     သိရ သည်။

 


ဝေါမြို့နယ်တွင်   ဆီထွက်သီးနှံစိုက်ပျိုးထားမှုနှင့်   ပတ်သက်၍ “မြို့နယ်အနေနဲ့    မြေပဲကတော့  အရင်နှစ်တွေကလိုပဲ  ပုံမှန်ဧကအတိုင်း စိုက်ပျိုးထားပြီး    အခုနှစ်မှာတော့   ဆီထွက်နေကြာပါ စိုက်ပျိုးထားပါ တယ်။     နေကြာက   ပဲမျိုးစုံစိုက်ခင်းအတွင်းမှာ   သီးညှပ်အနေနဲ့ ဧက ၇၀၀ နှင့်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့  ၁၅ ဧက   သီးသန့်စိုက်ပျိုးထားတာပါ။

 

၁၅ ဧကမှာ ရေသွင်း စိုက်ပျိုးနည်းနဲ့   ငါးဧကအပါအဝင်   အားလုံးအောင်မြင်စွာ  စိုက်ပျိုးနိုင်ပြီး မြေပဲစိုက် တောင်သူတွေကတော့   စတင်ပြီး    နုတ်နေသလို   နောက် ငါးရက် လောက်ဆိုရင် နေကြာကိုလည်း   ခူးယူနိုင်တော့မှာ  ဖြစ်ပါတယ်” ဟု  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး   ဦးအောင်မိုးလွင်က    ပြော   သည်။                             

စိုးမိုး(ပြန်/ဆက်)