ဝေါမြို့၌ တစ်ရက် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၈၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက် စတင်လည်ပတ်

 

ဝေါ  သြဂုတ်  ၂၈


ပဲခူးတိုင်းဒေသကြီး  ဝေါမြို့နယ် မိဘပြည်သူများနှင့်  ပတ်ဝန်းကျင် မြို့များရှိပြည်သူများ အောက်ဆီ ဂျင် လိုအပ်ချက်ဖြည့်ဆည်းပေး နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး    တစ်ရက်လျှင်  လီတာ ၄၀ ဆံ့      အိုးအလုံး     ၈၀  အထိ   ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ       အောက်ဆီဂျင်စက်  လည်ပတ်နေမှုကို       မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးဝင်း မော်၊     ဗိုလ်မှူး   မျိုးဝင်းအောင် နှင့်  တာဝန်ရှိသူများက  ကြည့်ရှု စစ်ဆေးပြီး  စက်ရုံတာဝန်ရှိသူများ အား  စက်ရုံရေရှည်   တည်တံ့ ခိုင်မြဲစေရေးအတွက်     မှာကြား သည်။    အောက်ဆီဂျင်စက်ကို မြို့နယ်      ဆေးရုံဟောင်းရှေ့၌ တည်ဆောက်ထားပြီး   မြို့နယ် အတွင်းရှိ     ကိုဗစ်-၁၉    ရောဂါ ပိုးတွေ့လူနာများနှင့်    အောက် ဆီဂျင်    လိုအပ်သူများအတွက် လည်းကောင်း၊  အခြားမြို့များမှ   လိုအပ်သူများ  အလွယ်တကူရရှိ စေရန်အတွက်   လည်းကောင်း   အောက်ဆီဂျင်စက် လှူဒါန်းပေး ခြင်းဖြစ်ကြောင်း၊ ယင်း   အောက် ဆီဂျင်စက်ကို ဩဂုတ်  ၂၄ ရက်မှ    စတင်မြေနေရာ  ရှင်းလင်းတည် ဆောက်ကာ သြဂုတ်  ၂၇   ရက်က   စမ်းသပ်လည်ပတ်၍ ယနေ့နံနက် ၇  နာရီမှ     စတင်လည်ပတ်ပြီး   အောက်ဆီဂျင်  ထုတ်လုပ်ကာ   လိုအပ်သူများအား   စတင်ဖြန့်ဖြူး ပေးနေပြီဖြစ်သည်။ 


ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာများတွင် ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားသူများ        အတွက်  အောက်ဆီဂျင်လိုအပ်မှုများ ဖြည့် ဆည်းပေးနိုင်ရန် အောက်ဆီဂျင် စက်ကို မြို့နယ် ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊      ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန် ရေးကော်မတီက စီမံကြီးကြပ်၍     မြို့မိမြို့ဖများ၊ ဒေသခံစေတနာရှင်    ကုသိုလ်ရှင် များ      စုပေါင်းမတည်    လှူဒါန်း ငွေကျပ်    သိန်း ၁၂၀၀  ဖြင့်   တည် ဆောက်ခြင်း ဖြစ်သည်။

အောင်မြတ်လင်း (ပြန်/ဆက်)