
ဗြိတိန်လက်ဝှေ့ကျော် ဒန်နီရယ် ဒူဘွိုက်စ်နှင့် အမေရိကန်လက်ဝှေ့ ကျော် ထရီဗာ ဘရိုင်ယန်တို့၏ WBA ဟဲဗီးဝိတ်ပွဲစဉ်ကို ဇွန် ၁၁ ရက်က မီယာမီ၌ ယှဉ်ပြိုင်ကစား ခဲ့ရာ ဒူဘွိုက်စ်က အနိုင်ရရှိခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဒူဘွိုက်စ်သည် ပြိုင်ဘက်ကို လေးချီမြောက်တွင် အလဲထိုးကာ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ (ယာပုံ)အဆိုပါနိုင်ပွဲကြောင့် ဒူဘွိုက်စ် သည် WBA စူပါခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခွင့်ရရန် နီးစပ် လာပြီဖြစ်သည်။ လက်ရှိတွင် ဒူဘွိုက်စ်သည် ယခုနွေရာသီ နှောင်းပိုင်း၌ ကျင်းပတော့မည် ဖြစ်သော အန်သိုနီဂျိုရှာနှင့် အူဆိုက်တို့ထဲမှ အနိုင်ရရှိမည့် သူကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိလာ ပြီလည်းဖြစ်သည်။
အဆိုပါပွဲကို ပွဲကြည့်ပရိသတ် ငါးရာခန့်သာ လာရောက်ကြည့်ရှု ကြသော်လည်း ဒူဘွိုက်စ်အနေ ဖြင့် ပြိုင်ဘက်အပေါ် ပွဲအစ ကတည်းက အနိုင်ရရှိရန်သာ အာရုံစိုက်ထားကြောင်း သိရသည်။ ဒူဘွိုက်စ်၏ အားပါပြင်းထန်သော လက်သီးချက်ကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ ဘရိုင်ယန် လေးချီ မြောက်တွင် လဲကျသွားခဲ့ခြင်း ဖြစ်သည်။
ဒူဘွိုက်စ်သည် ကစားသမား ဘဝ စုစုပေါင်း ၁၉ ပွဲ ယှဉ်ပြိုင် ကစားပြီး ၁၈ ပွဲအထိ နိုင်ပွဲရရှိ ထားကြောင်း သိရသည်။ ထို့အပြင် ယခုပွဲကို အလဲထိုးအနိုင်ရရှိခဲ့သော ကြောင့် စုစုပေါင်း အလဲထိုးအနိုင် ရရှိသည့်ပွဲမှာ ၁၇ ပွဲ အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အောင်ဇော်