“ဝ”အထူးဒေသတောင်ပိုင်းတိုင်းရင်းသားများကို အခမဲ့သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်ပေး

 

နေပြည်တော်   မတ်   ၃၁


ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော် မှချမှတ်ထားသော လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့်   နိုင်ငံတော်အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာ အောင် တည်ဆောက်၍   တစ်မျိုးသား လုံး   သက်ရှည်ကျန်းမာသည့်    ကျန်းမာ ရေးစနစ်      ဖြစ်ပေါ်လာရေးအတွက် လူတိုင်းလက်လှမ်းမီသော     ကျန်းမာရေး စောင့်ရှောက်မှုရရှိစေပြီး     မြို့ပြနှင့် ကျေးလက်တို့တွင်       ကျန်းမာရေး စောင့်ရှောက်မှု သာတူညီမျှရရှိစေရေးတို့ အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏      ကျန်းမာရေးမြှင့်တင် တိုးတက်စေရေးအတွက်     ကွင်းဆင်း ဆေးကုသခြင်းများကို    အထူးအလေး ထားဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ကျန်းမာ ရေးဝန်ကြီးဌာနသည် တြိဂံတိုင်းစစ်ဌာန ချုပ် နှင့် ပူးပေါင်း၍  ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်    ဦးဆောင်သော  နယ်လှည့် ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် “ဝ” အထူးဒေသတောင်ပိုင်းရှိ  တိုင်းရင်းသား များအား  အခမဲ့သွားနှင့်  ခံတွင်းကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို  မတ် ၁၆ ရက်မှ  ၂၉ ရက်အထိ  ဆောင်ရွက် ပေးသည်။ 

 


ကျန်းမာရေးအသိပညာပေး


ကုသရေးအဖွဲ့သည် မိုင်းဆတ်မြို့နယ် အတွင်းရှိ မိုင်းကန်ကျေးရွာနှင့် ဆီဟုတ် ကျေးရွာ၊ ပုံပါကျင်မြို့ရှိ ဟွေအောကျေးရွာ တို့တွင်   ကလေးသူငယ်   ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများကို သွားနှင့် ခံတွင်းကျန်းမာရေး   အသိပညာပေးခြင်း နှင့်   စနစ်မှန်သွားတိုက်နည်းစနစ်တို့ကို လက်တွေ့သရုပ်ပြပြီး       အတူတကွ သွားတိုက်ခြင်း၊     သွားရောဂါများကို စစ်ဆေးကုသခြင်းနှင့် သက်ကြီးရွယ်အို များ သွားတုတပ်ဆင်ပေးခြင်း၊  နှုတ်ခမ်း ကွဲလူနာများ   ခွဲစိတ်ကုသပေးခြင်းတို့ကိုဆောင်ရွက်သည်။    


အခမဲ့ကုသပေး


အဆိုပါခရီးစဉ်တွင်  သွားနှင့် ခံတွင်း ရောဂါ ခံစားနေရသောလူနာ ၁၁၅၈ ဦးကို        လိုအပ်သော ကုသမှုများပေးခဲ့ပြီး သွားတု လူနာ ၁၀၀ နှင့်  နှုတ်ခမ်းကွဲလူနာ သုံးဦး တို့ကို   အခမဲ့ကုသပေးသည်။   အဆိုပါ ဆေးကုသရေးအဖွဲ့တွင် ကုသရေးဦးစီး ဌာနနှင့်   ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့မှ   သွားနှင့်ခံတွင်းဆရာဝန်များနှင့် အထောက်အကူပြု    ဝန်ထမ်းငယ်များ၊ ပြင်ပ    သွားနှင့်ခံတွင်းဆရာဝန်များ၊ သွားတုကျွမ်းကျင်သူများနှင့် လုပ်အားပေး အဖွဲ့ဝင်များ    ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။               

သတင်းစဉ်