
နေပြည်တော် ဇူလိုင် ၂၂
ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ် (၈)ကို ဇူလိုင် ၂၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် အဆိုတော်များဖြစ်ကြသည့် ဝိုင်းလမင်း အောင်၊ ထက်မြက်စိုး၊ ထက်ကို၊ ဟိန်းဇော်လင်း၊ ရွှေရည်ဝင်း၊ ဘိုမနှင့် လွင်လွင်မော်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယ အကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်