“Volt Typhoon” သည် အမေရိကန်၏ သတင်းမှားနှင့် လူထုအမြင်ကို လွှမ်းမိုးခြယ်လှယ်သည့် လှုံ့ဆော်မှုတစ်ခုဖြစ်ကြောင်း တရုတ်ဖော်ထုတ်

ပေကျင်း ဇူလိုင် ၉
''Volt Typhoon''  ဟုခေါ်သော   ဆိုက်ဘာ ခြိမ်းခြောက်မှုဇာတ်ကြောင်းသည် အမေရိကန် ၏ သတင်းမှားနှင့် လူထုအမြင်ကို   လွှမ်းမိုး ခြယ်လှယ်သည့် လှုံ့ဆော်မှုတစ်ခုဖြစ်ကြောင်း တရုတ်စုံစမ်းစစ်ဆေးမှုတစ်ခု၏   နောက်ဆုံး တွေ့ရှိချက်အရ သိရသည်။
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများသည် အမေရိကန်နိုင်ငံခြားထောက်လှမ်း ရေး အက်ဥပဒေပုဒ်မ ၇၀၂ ကို ခွင့်ပြုချက်ရစေ ရန်ရည်ရွယ်ချက်ဖြင့် “တရုတ်နိုင်ငံမှ ဆိုက်ဘာ ခြိမ်းခြောက်မှု” ကို လုပ်ကြံဖန်တီးကာ အလွန် အမင်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြား ထောက်လှမ်းရေးအက်ဥပဒေသည် အသိပေး ခြင်းမရှိဘဲ လျှိုဝှက်စောင့်ကြည့်ခြင်းကို ခွင့်ပြု ပေးပြီး  အမေရိကန်လွှတ်တော်မှ   ဘတ်ဂျက် များကို ပိုမိုရရှိစေရန်လည်း ခွင့်ပြုပေးသည်။
၂၀၂၃ ခုနှစ် မေလတွင် အမေရိကန်နှင့် ၎င်း၏    “Five   Eyes”    မဟာမိတ်များက “ Volt Typhoon” ဟု နာမည်တပ်ထားသည့် ဟက်ကာတစ်ဦးသည် အမေရိကန်၏ အဓိက အခြေခံအဆောက်အအုံများနှင့် တရုတ်အစိုးရ က ထောက်ခံထားသည့် အဖွဲ့အစည်းတစ်ခုကို ပစ်မှတ်ထား၍ သူလျှိုလုပ်ထောက်လှမ်းခြင်း များကိုလုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆို ထားသည့် ထင်မြင်ချက်တစ်ခုကို ထုတ်ပြန် ခဲ့သည်။
သူလျှိုထောက်လှမ်းခြင်းကို  တုံ့ပြန်သည့် အနေဖြင့်    တရုတ်အမျိုးသားကွန်ပျူတာ   ဗိုင်းရပ်စ်အရေးပေါ်တုံ့ပြန်ရေးဌာနနှင့် အခြား နည်းပညာအဖွဲ့များသည်    ခြေရာခံခွဲခြမ်း စိတ်ဖြာလေ့လာမှု တစ်ခုကို စတင်ခဲ့ပြီး  ဧပြီလ တွင်  စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
“Volt Typhoon” သည်   အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများ၏ သမားရိုးကျ လှည့်ဖြားသည့် သတင်းမှားတစ်ခုသာဖြစ်ပြီး ယင်းအစီအစဉ်တွင်   တရုတ်ဆန့်ကျင်ရေး အမေရိကန် နိုင်ငံရေးသမားများနှင့် “Five Eyes”နိုင်ငံများမှ ဆိုက်ဘာလုံခြုံရေး အာဏာ ပိုင်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း အဆိုပါအဖွဲ့ ၏ အစီရင်ခံစာအသစ်တွင်ဖော်ပြခဲ့သည်။  
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ ကွန်ရက်ထိုးဖောက်ဝင်နိုင်မှု စွမ်းရည် ကို ပိုမိုခိုင်မာအားကောင်းစေရန်၊ အထူးသဖြင့် ပြင်ပပစ်မှတ်များကို       တိုက်ခိုက်ရန်နှင့် ပြိုင်ဘက်များကို ဟန့်တားနိုင်ရန်၊ ပြည်တွင်း လူဦးရေကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါအစီအစဉ်ကို ၂၀၂၃ ခုနှစ်အစပိုင်း သို့မဟုတ် ၎င်းထက်စောပြီး စတင်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လအထိ ဖော်ပြခဲ့သော အချက်အလက်များအရ အမေရိကန်အစိုးရကျောထောက်နောက်ခံပြုဟက်ကာအဖွဲ့အစည်းများသည် ပုဒ်မ ၇၀၂ မှခွင့်ပြုထားသော ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၄၅ သန်းကျော်ကို ပြုလုပ်ခဲ့ကြောင်း၊  ပုဒ်မ ၇၀၂ မှခွင့်ပြုချက်များသည် တရုတ်အစိုးရ အဖွဲ့အစည်းများ၊ အကယ်ဒမီများ၊ သိပ္ပံသုတေ သနအဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့်အရေးကြီး သောအခြေခံအဆောက်အအုံများကို ဆန့်ကျင် လျက်ရှိသည်။
“Volt   Typhoon” ၏   နောက်ကွယ်မှ ချုပ်ကိုင်သူများဟု     အမေရိကန်အစိုးရ အေဂျင်စီ များအား ခေါ်ဆိုထားသည့် အစီရင် ခံစာတွင်  ယင်းလှုပ်ရှားမှုကို     အမေရိကန်၏    နိုင်ငံတကာဗိုလ်ကျစိုးမိုးမှု၏    ရလဒ်တစ်ခု အဖြစ် ဖော်ပြထားသည်။         
ဆင်ဟွာ